ပြည်ကြီးမဏ္ဍိုင် ဇူလိုင် ၂၁
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ပြည်ကြီးမဏ္ဍိုင်မြို့ အခြေခံပညာအလယ်တန်းကျောင်းဝင်းအတွင်း၌ ယနေ့ နံနက်(၈)နာရီက ကျောင်းနှင့်ဝန်းကျင် စိမ်းလန်းစိုပြည်သာယာလှပစေရေးအတွက် စုပေါင်းသစ်ပင်စိုက်ပွဲဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးရာတွင် အခြေခံပညာအလယ်တန်းကျောင်း (ပြည်ကြီးမဏ္ဍိုင်)မှ ကျောင်းအုပ် ဆရာမကြီး နော်ဖောဆေးဝါး၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများမှကျောင်းကောင်စီ အလိုက် ဖွဲ့စည်းထားသော အနော်ရထာအသင်း၊ ကျန်စစ်သားအသင်း၊ ဘုရင့်နောင်အသင်း၊ အလောင်းဘုရားအသင်းနှင့် ဗန္ဓုလအသင်းဟူ၍ အသင်းအလိုက် သရက်၊ အုန်းပင်၊ ရွက်လှပင်၊ ကွမ်းပင်၊ ဇီဇဝါပင်၊ နာနတ်ပင်နှင့် ပိန္နဲပင်များကို အသင်းအလိုက် စိုက်ပျိုးကြကြောင်းသိရသည်။
ပြည်ကြီးမဏ္ဍိုင်(ပြန်/ဆက်)