နတ်မောက်မြို့၌ သဘာဝဘေးအန္တရာယ် အသိပညာပေးဉာဏ်စမ်းပြိုင်ပွဲ ကျင်းပ

နတ်မောက် ဩဂုတ် ၂၇

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ သဘာဝဘေးအန္တရာယ်အသိပညာပေး ဉာဏ်စမ်းပြိုင်ပွဲကို ယမန်နေ့နေ့လယ်ပိုင်းအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဉာဏ်စမ်းပြိုင်ပွဲတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးမှူး ဒေါ်လှိုင်မိုးဝေက သဘာဝဘေးအန္တရာယ်နှင့် ငလျင်ဘေးအန္တရာယ်အကြောင်း အသိပညာပေးဟောပြောခဲ့ပြီး သဘာဝဘေးအန္တရာယ်နှင့်သက်ဆိုင်သည့် ဉာဏ်စမ်းမေးခွန်းများကို ကျောင်းသား/သူများအား မေးမြန်းခဲ့ရာ မေးခွန်းများအားဖြေဆိုနိုင်သည့် ကျောင်းသား/သူများအား ကျောင်းသုံးဗလာစာအုပ်များကို ဆုအဖြစ်ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

လှဝင်း