တောင်တွင်းကြီးမြို့နယ်၌ အမှိုက်(၄)မျိုး ခွဲခြားစွန့်ပစ်မှု အသိပညာပေးခြင်း ဆောင်ရွက်

တောင်တွင်းကြီး သြဂုတ် ၂၇

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် အမှိုက်(၄)မျိုးခွဲခြားစွန့်ပစ်မှု အသိပညာပေးသရုပ်ပြသဆွေးနွေးခြင်းကို ယနေ့နံနက်ပိုင်းက စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးအတွင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာအဖွဲ့ အမှုဆောင်အရာရှိ ဦးမြင့်မြတ် ဦးဆောင်မှုဖြင့်  စျေးရောင်း၊ စျေးဝယ်ပြည်သူများအား အမှိုက်စို(Wet waste)၊ အမှိုက်ခြောက်(Dry waste)၊ ပလပ်စတစ်အမှိုက်(Plastic waste)နှင့် အန္တရာယ်ရှိအမှိုက်(Hazardous waste)ဟူ၍ (၄)မျိုး ခွဲခြားထားပြီး အမှိုက်များကို စနစ်တကျခွဲခြားစွန့်ပစ်ကြရန် အမှိုက်အမျိုးအစားအလိုက် အမှိုက်ပုံးများအား အရောင်(၄)မျိူးခွဲခြားထားရှိပုံတို့ကို  သရုပ်ပြဆွေးနွေးပြောကြားပြီး လက်တွေ့ဆောင်ရွက်ခဲ့ကြကြောင်းနှင့် အမှိုက်စွန့်ပစ်ခြင်းဆိုင်ရာ သိကောင်းစရာ လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

နောင်နောင် (ဗိဿနိုးမြေ)