စေတုတ္တရာမြို့နယ်၌ ကိုယ်ဝန်ဆောင်များအား “ကိုယ်ဝန်ဆောင်ကာလ အဟာရပြည့်ပြည့်ဝဝစားကြစို့”အသိပညာပေးဗီဒီယိုပြသခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်ကလေးကျန်းမာရေးဌာနမှ ကိုယ်ဝန်ဆောင်များအား “ကိုယ်ဝန်ဆောင်ကာလ အဟာရပြည့်ပြည့်ဝဝစားကြစို့”အသိပညာပေးဗီဒီယိုပြသခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မိခင်ကလေးကျန်းမာရေးဌာနရုံးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။