ပွင့်ဖြူမြို့နယ်၌ ငါးသယံဇာတဖူလုံစေရန် မုန်းချောင်းသဘာဝရေပြင်အတွင်း ငါးမျိုးစိတ်ကောင်ရေ နှစ်သိန်း စိုက်ထည့်
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနက ပြည်သူများ ငါးစားသုံးမှု ဖူလုံစေရန်နှင့် ငါးသယံဇာတများကြွယ်ဝစေရန်ရည်ရွယ်၍ ယနေ့နံနက် ၈ နာရီခွဲက ပွင့်ဖြူမြို့၊ သက်တော်ရှည်ရပ်ကွက်အနီး မုန်းချောင်းသဘာဝရေပြင်အတွင်း ငါးမျိုးစိတ်ကောင်ရေ နှစ်သိန်း စိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။