ကံမမြို့နယ်၌ မဲပေးစက်ဆိုင်ရာ နည်းပညာအထောက်အကူပြုသင်တန်း ဘက်ထရီထိန်းသိမ်းနည်းနှင့် အသုံးပြုနည်းသင်တန်း ဖွင့်လှစ်

ကံမ အောက်တိုဘာ ၂၅

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့ မြို့နယ်ခန်းမ၌ မဲပေးစက်ဆိုင်ရာ နည်းပညာအထောက်အကူပြုသင်တန်း ဘက်ထရီထိန်းသိမ်းနည်းနှင့်အသုံးပြုနည်းသင်တန်းဖွင့်ပွဲ အခမ်းအနားအား ယမန်နေ့နံနက် (၉) နာရီကပြုလုပ်ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္က ဦးဇော်မင်းနိုင်၊ မြို့နယ် ကော်မရှင်အဖွဲ့ခွဲ ဥက္က၊ မြို့နယ်ကော်မရှင်အရာရှိနှင့် ဝန်ထမ်းများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္က ဦးဇော်မင်းနိုင်၊ အဖွင့်အမှာစကားပြောကြားပြီးနောက် မြို့နယ်ကော်မရှင်အရာရှိ ဒေါ်ဇူပန်မိုက မြန်မာ အီလက်ထရောနစ်မဲပေးစက် (MEVM)နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါသင်တန်းကို သင်တန်းသား/သင်တန်းသူ(၃၀)ဦးတို့အား အောက်တိုဘာ (၂၄)ရက်နေ့မှ အောက်တိုဘာ(၂၅)ရက်နေ့အထိ (၂) ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း ကံမမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ကျော်ဇေယျဝင်း(ကံမ)