ဆင်ပေါင်ဝဲ အောက်တိုဘာ ၂၅
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း ပူးပေါင်း၍ Book Club အသင်း စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် ၃ နာရီက ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးနိုင်လင်းက စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာဖတ်ရှုခြင်းဖြင့် ရရှိလာသော အသိပညာဗဟုသုတများကို စာဖတ်သူအချင်းချင်း အပြန်အလှန်ဆွေးနွေးနိုင်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် Book Club အဖွဲ့ဝင်များက စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ) ရေးသားထားသည့် “အမွေခံတစ်ယောက်အမွေပေးသူတစ်ရာ” စာအုပ်တွင်ပါရှိသည့် အကြောင်းအရာများကို ဆွေးနွေးကြရာ Book Club အဖွဲ့ဝင် ဦးထက်မြတ်စိုးက လူငယ်တွေအတွက် လူကြီးတွေ ပြင်ဆင်သင့်တဲ့အရာများ၊ တပည့်တွေအကြောင်း ခေါင်းစဉ်များဖြင့် ဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် စာပေချစ်သူများကလည်း ဆွေးနွေးမူများအပေါ် သိရှိလိုသည်များအား အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)