ဆိပ်ဖြူမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဆောင်ရွက်

ဆိပ်ဖြူ           အောက်တိုဘာ     ၂၅

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများအား စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး လုပ်ငန်းကို ဆိပ်ဖြူ(အ.ထ.က)ကျောင်း နဝရန်ခန်းမ၌ ယမန်နေ့ နေ့လယ် ၂ နာရီက ဆောင်ရွက်သည်။

အဆိုပါအသိပညာပေးလုပ်ငန်းကို ကျောင်းသား/ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော အကျိုးကျေးဇူးများသိရှိစေရန်၊ အချိန်ကိုအကျိုးရှိရှိ အသုံးပြုဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်နှင့်အချိန်တန်ဖိုး အကြောင်းအရာများ အသိပညာပေး ဆောင်ရွက်သည်။

အဆိုပါအခမ်းအနားတွင် ဆိပ်ဖြူ(အ.ထ.က)ကျောင်းအုပ်ဆရာကြီး ဦးမျိုးအောင်က အသိပညာပေးဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များနှင့် ကျောင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ပြောကြားပေးပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန္ဒာလှိုင်က စာဖတ်ရှိန်မြင့်မားတိုးတက်ရေး၊ ကျောင်းစာကြည့်များဖွံ့ဖြိုးရေးနှင့် ကျောင်းသား/ ကျောင်းသူများအား လူငယ်နှင့်အချိန်ကို တန်ဖိုးရှိရှိအသုံးပြုနေထိုင်ဆောင်ရွက်နိုင်ရေး နည်းလမ်းများကို အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုဇွဲ(အညာမြေ)