တောင်တွင်းကြီးမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) Installation ပြုလုပ်ခြင်း သင်တန်းဖွင့်လှစ်

တောင်တွင်းကြီး အောက်တိုဘာ ၂၇

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) Installation ပြုလုပ်ခြင်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီကကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးကျော်ဇင်ဦးကအဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအရာရှိဦးပြည့်မောင်က သင်တန်းတွင်ပို့ချပေးမည့်ခေါင်းစဉ်များအားရှင်းလင်းဆွေးနွေးခဲ့သည်။

အဆိုပါသင်တန်းတွင် အီလက်ထရောနစ်မဲပေးစက်ဖွဲ့စည်းတည်ဆောက်ပုံ၊ အီလက်ထရော နစ်မဲပေးစက်တပ်ဆင်ခြင်း၊ အီလက်ထရောနစ်မဲပေးစက်စမ်းသပ်ခြင်း၊ အီလက်ထရောနစ် မဲပေးစက် Installation ပြုလုပ်ခြင်းလုပ်ငန်းစဉ်အဆင့်ဆင့်တွင် သတိပြုရမည့်အချက်များ စသည့်အကြောင်းအရာများအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးပြည့်မောင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးသူရဟိန်းတို့က သင်ကြားပို့ချပေး သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)