နတ်မောက် အောက်တိုဘာ ၂၇
မကွေးတိုင်းဒေသကြီးမကွေးခရိုင် နတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှ့င်တင်ရေးစာစီစာကုံးပြိုင်ပွဲကိုယနေ့နံနက် ၉ နာရီခွဲ အချိန်ကလူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါပြိုင်ပွဲတွင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က ပြိုင်ပွဲကျင်းပရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ဒေါ်ဝင်းမေထွန်း (စာထောက်-၃)ကပြိုင်ပွဲစည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ပြိုင်ပွဲကိုကျင်းပခဲ့ရာ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိအထက်တန်း ကျောင်းသား/သူလေးများက “တန်ဆောင်မုန်းလ၏ကထိန်ပွဲတော်” ခေါင်းစဉ်ဖြင့်ယှဉ်ပြိုင်ခဲ့ကြရာပြိုင်ပွဲတွင် ဆုရရှိသူများအားမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဦးစီးအရာရှိက အမှတ်တရအဖြစ် ဗလာစာအုပ်နှင့်ဘော့ပင်များကို ဆုအဖြစ်ချီးမြှင့်ပေးခဲ့ ကြောင်းသိရသည်။
လှဝင်း