အောင်လံမြို့၌ ဒုတိယအကြိမ်ကပ်ထားကြေညာမည့် မဲစာရင်းပြည့်စုံမှန်ကန်ရေး အဖွဲ့စုံဖြင့် စစ်ဆေးဆောင်ရွက်
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၌ ၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိပြည်သူများ မဲပေးနိုင်ရေး၊ မဲစာရင်းပြည့်စုံမှန်ကန်စေရေး အတွက် ဒုတိယအကြိမ် ကြေညာမည့် မဲစာရင်းများကို ယမန်နေ့နံနက် ၁၀ နာရီက အောင်လံမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။