စလင်းမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

စလင်း နိုဝင်ဘာ ၁၁

မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင် စလင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် (U-H-W)ကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ကျောင်းစာအပြင်၊ ပြင်ပဗဟုသုတများရရှိစေရန် ၊လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာ ရီခွဲက စတင်ကျင်းပကြောင်း သိရသည်။

ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးက ကျောင်းသားလူငယ်များအား၊ လူငယ်နှင့်စာဖတ်ခြင်းအလေ့အထခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောသည်။ ကျောင်းစာအပြင်၊ပြင်ပဗဟုတရရှိစေမည့် စာအုပ်စာပေများစွာ မိမိတို့ မြို့နယ်ပြည်သူ့စာကြည်တိုက်တွင်၊ ဗဟုသုတများစွာရရှိစေမည့်၊ သုတ၊ ရသ၊ စာအုပ်များစွာရှိပြီး လာရောက်လေ့လာဖတ်ရှုငှားရမ်းနိုင်ကြောင်းနှင့်စာအုပ်စာပေမှ လေ့လာမှတ်သားဖတ်ရှုခြင်းဖြင့်၊ အသိပညာအတတ်ပညာ ဗဟုသုတများစွာရရှိနိုင်မည်ဖြစ်ကြောင်း ဆွေးနွေးဟောပြောခဲ့သည်။ ဆက်လက်၍  စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးစီးမှူး ဦးဆန်းလင်းမောင်မှ၊ စားသုံးသူရေးရာနှင့်သိသင့်သိထိုက်သည့်၊ စားသုံးသူရေးရာအချက်များမှ၊ လူသားတစ် ဦး၏ရပိုင်ခွင့်များအပြည့်အဝရရှိစေရန်၊ နိုင်ငံသားအခွင့်အရေးစံချိန်များခံစားခွင်ရရှိစေရန်၊ စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိစေရန်၊ စားသုံးသူနစ်နာမှုများ အကာအကွယ်ပေးရန်၊ စားသုံးသူမကျေနပ်မှုများရှိပါကဖြေရှင်းပေးရန်နှင့် အစားအသောက်ကုန်ညွှန်းအမှတ်အသားတံဆိပ်များ၊ ရက်လွန်လလွန်၊ စားသုံးရန်မသင့်သည့်အစားအစာများ၊ ဓာတုဆိုးဆေးများနှင့် စားသုံးသည့်အစားအစာများတွင်၊ဖြစ်ပေါ်လေ့ရှိသည့် မှိုတက်စာမစားသင့်သည့်အကြောင်းအရာများ၊ စားသုံးမိပါကဖြစ်ပေါ်လာနိုင်သည့်၊ နောက်ဆက်တွဲဆိုးကျိုးများကို ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် တက်ရောက်လာသူများ၏ သိရှိလိုသည့်မေးမြန်းမှုများကို  ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကာလူငယ်ရေးရာ အသိပညာပေးဆွေးနွေးဟောပြောပွဲသို့ Grade-9-ကျောင်းသား၊ ကျောင်းသူ(၉၆)ဦး၊ Grade-10ကျောင်းသား/ကျောင်းသူ(၆၂)ဦး စုစုပေါင်း (၁၅၈)ဦး၊ တက်ရောက်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ်၊ ကလေးအလုပ်သမားပပျောက်ရေးအကြောင်းသိကောင်းစရာ နံရံကပ်ဘုတ်များကို ကျောင်းသားလူငယ်များမှ စိတ်ဝင်တစားလေ့လာကြည့်ရှုကြပြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

မောင်လွင်(စလင်း)