အောင်လံ နိုဝင်ဘာ ၁၀
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၌ ၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိပြည်သူများ မဲပေးနိုင်ရေး၊ မဲစာရင်းပြည့်စုံမှန်ကန်စေရေး အတွက် ဒုတိယအကြိမ် ကြေညာမည့် မဲစာရင်းများကို ယမန်နေ့နံနက် ၁၀ နာရီက အောင်လံမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဒုတိယအကြိမ် ကြေညာမည့် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ ၅/က အရ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ပုံစံ(၁) ပူးတွဲ(၁)စာရင်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ပုံစံ(၁) ပူးတွဲ(၂) စာရင်းအားရယူပြီး ဒုတိယအကြိမ် မဲစာရင်းပြုစုနိုင်ရေးအတွက် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှရွှေနှင့်ဝန်ထမ်းများ၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းနိုင်နှင့်ဝန်ထမ်းများ၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအေးထွန်းနှင့်အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်တို့ ပါဝင်သော စိစစ်ရေး အဖွဲ့(၁၀)ဖွဲ့တို့မှ မဲစာရင်းပြည့်စုံမှန်ကန်စေရေး၊ မဲစာရင်းတွင်ပါဝင်သင့်သူများ မကျန်ရှိစေရေးနှင့် မပါဝင်သင့်သူများမပါရှိစေရေးအတွက် ပြန်လည်စိစစ်စစ်ဆေးခြင်းကို နိုဝင်ဘာ ၉ ရက်မှ ၁၀ ရက်နေ့အထိ အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အာကာ(ပြန်/ဆက်)