သရက်မြို့၌ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

သရက် နိုဝင်ဘာ ၁၀

မကွေးတိုင်းဒေသကြီး သရက်မြို့၌ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေခြင်းအခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီက ခရိုင်အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် သရက်ခရိုင်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (CPU)အဖွဲ့ ခေါင်းဆောင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြတ်ထွန်းဦးက အဖွင့်အမှာစကား ပြောကြားပေးခဲ့ပြီး သရက်ခရိုင်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့(CPU) အဖွဲ့ဝင် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး တင်လှိုင်မှ  လူမှုကွန်ရက်ပေါ်မှာ သတင်းတုများ၊ နိုင်ငံတော်အကြည်ညိုပျက်စေသည့်သတင်းများ ဖော်ပြလျှင် ဥပဒေအရ အရေးယူဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း  ပြောကြားပေးခဲ့ကာ သရက်ခရိုင်အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့(CPU)အဖွဲ့ဝင် ခရိုင်ဥပဒေအရာရှိ ဦးလှမြင့်က အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ ဥပဒေများနှင့် ပတ်သက်၍ ပြောကြားပေးခဲ့သည်။

ထို့နောက် သရက်ခရိုင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (CPU)အဖွဲ့ဝင် ခရိုင်စာရင်းစစ်အရာရှိ ဒုတိယညွှန်ကြားရေးမှူးဦးခင်ဇော်၊ သရက်ခရိုင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (CPU) အဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူးဒုတိယညွှန်ကြားရေးမှူးဦးသူရ၊သရက်ခရိုင်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့(CPU)အဖွဲ့ဝင် ပြည်တွင်းအခွန်းဦးစီးဌာနမှူး ဦးသက်အောင်၊ သရက်ခရိုင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (CPU) အဖွဲ့ဝင် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ဦးစီးအရာရှိ (စုံစမ်းရေး) ဦးစိုးထွန်းတို့မှ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် ပတ်သက်၍ အသီးသီးဆွေးနွေးပေးခဲ့ရာ တက်ရောက်လာသည့် ပုဂ္ဂိုလ်များမှ ဆွေးနွေးမှုအပေါ် သက်ဆိုင်သည့်ဌာနအလိုက် ဖြေကြားပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)