ဆိပ်ဖြူမြို့၌ မဲဆန္ဒရှင်ပြည်သူများ၏ မဲစာရင်းပြည့်စုံမှန်ကန်စေရေး မဲဆန္ဒပေးခွင့်ရှိသူများ ကျန်ရှိမှုမရှိစေရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်

ဆိပ်ဖြူ နိုဝင်ဘာ ၁၁

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ ပြည်သူများ မဲပေးနိုင်ရေး၊ မဲစာရင်းပြည့်စုံမှန်ကန်စေရေးအတွက် ပြန်လည်စိစစ်စစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးတွင် ဆောင်ရွက်ခဲ့သည်။

မဲဆန္ဒရှင်စာရင်းများ ပြန်လည်စိစစ်ဆောင်ရွက်ရာတွင် ဆိပ်ဖြူမြို့ အနောက်ပိုင်းရပ်ကွက်၊ အလယ်ပိုင်းရပ်ကွက်၊ ယောဝရပ်ကွက်နှင့် ရွာသစ်ရပ်ကွက်များ၏  မဲစာရင်းများ မှန်ကန်စေရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲနှင့် အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်တို့ပါဝင်သော စိစစ်ရေးအဖွဲ့တို့မှ မဲစာရင်းပြည့်စုံမှန်ကန်စေရေးမဲဆန္ဒရှင်စာရင်းများ ကျန်ရှိမှုမဖြစ်ပေါ်စေရေးအတွက် ပေါင်းစပ်ညှိုနှိုင်း၍စိစစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားဆောင်ရွက်ရခြင်းရည်ရွက်ချက်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်များအဆင်ပြေချောမွေ့စေရေး၊ လုံခြုံရေးသတိရှိစေရေး၊ မဲပေးနိုင်စေရေးဦးတည်ဆောင်ရွက်နေမှုအ‌ခြေအနေများအား တာဝန်ရှိသူများမှ အသီးသီးဆွေးနွေးခဲ့ကြပြီး နိုင်ငံရေးပါတီများ၏ကိုယ်စားလှယ်များမှသိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

ကိုဇွဲ(အညာမြေ)