တောင်တွင်းကြီး နိုဝင်ဘာ ၁၁
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးစောမောင် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များသည် အခြေခံပညာအထက်တန်းကျောင်း (ဆတ်သွား) ရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ယမန်နေ့ နံနက် (၉) နာရီခွဲအချိန်က မီးဘေးကြိုတင်ကာကွယ်ရေး ဟောပြောခြင်း ဆောင်ရွက်ခဲ့သည်။
အဆိုပါ ဟောပြောပွဲအခမ်းအနားတွင် တောင်တွင်းကြီးမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးစောမောင်က မီးဘေးလုံခြုံကာကွယ်ရေး အသိပညာပေးဆွေးနွေးရခြင်း ရည်ရွယ်ချက်များ၊ မီးလောင်မှုအခြေခံသဘောတရားများ၊ မီးငြှိမ်းသတ်ခြင်းစနစ်များ၊ မီးအတန်းအစားခွဲခြားခြင်းများ၊ လျှပ်စစ်မီးလောင်မှုဖြစ်စေသည့် အဓိကအကြောင်းအရင်းများ၊ လျှပ်စစ်ဝါယာလျှော့မဖြစ်အောင် ကာကွယ်ရမည့် နည်းလမ်းများ၊ မီးကိုမပေါ့ဆကြရန်နှင့် မီးလောင်ပါက ပစ္စည်းဆုံးရှုံးမှုသာမက အသက်အိုးအိမ်များပါ ပျက်စီးဆုံးရှုံးတတ်ကြောင်းကို ရှင်းလင်းဟောပြောခဲ့ပြီး မီးသတ်ဦးစီးဌာန၏ သတ်မှတ်ထားသည့် ဝတ်စုံအမျိုးအစား(၄)မျိုးအကြောင်းနှင့် မီးဘေးအန္တရာယ် ဖြစ်ပေါ်လာပါက ကျောင်းသား၊ကျောင်းသူများ စိုးရိမ်ထိတ်လန့်မှုကင်းစွာ ကြိုတင်မီးငြှိမ်းသတ်နိုင်မည့် နည်းလမ်းများ၊ မီးသတ်ဆေးဘူး အသုံးပြုမှု အခြေခံနည်းလမ်းများအား လက်တွေ့သရုပ်ပြခဲ့ကြကြောင်း သိရသည်။
နောင်နောင် (ဗိဿနိုးမြေ)