တောင်တွင်းကြီးမြို့နယ် မောင်းတိုင် (၂) ရပ်ကွက် ရတနာပင်စည်ဘုရားကြီးတပ်ဦးကျောင်းအတွင်း တည်ထားကိုးကွယ်သော ရတနာပင်စည် မိုဃ်းကောင်းစေတီတော်ကြီးအား ရတနာရွှေထီးတော် ဆပ်ကပ်လှူဒါန်းခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းအခမ်းအနား ကျင်းပ
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် မောင်းတိုင် (၂) ရပ်ကွက် ရတနာပင်စည်ဘုရားကြီးတပ်ဦးကျောင်းအတွင်း တည်ထားကိုးကွယ်သော ရတနာပင်စည် မိုဃ်းကောင်းစေတီတော်ကြီးအား ရတနာရွှေထီးတော် ဆပ်ကပ်လှူဒါန်းခြင်းနှင့် မကွေးတိုင်းဒေသကြီး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး ကျော်သန်းဆွေ၊ နယ်မြေခံတပ်မှူး ဗိုလ်မှူးကြီးဇော်လင်းထွန်း ဦးဆောင်၍ တပ်ဖွဲဝင်မိသားစုများ၊ ဌာနဆိုင်ရာများ၊ မြို့မိ/ မြို့ဖ အလှူရှင်များမှ ရွှေသင်္ကန်းကပ်လှူခြင်း၊ ဘက်စုံပြုပြင်မွမ်းမံခြင်းတို့တွင် အဖက်ဖက်မှ လှူဒါန်းကြသည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက ငှက်ပစ်တောင်ကျောင်းတိုက်အတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။