စစ်ကိုင်းတိုင်းဒေသကြီး

ရွှေဘိုမြို့၌ ၁၃၈၇ခုနှစ်၊ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် ပိတ်ပွဲအခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် (အတက်နေ့) ညနေ (၄)နာရီအချိန်က ၁၃၈၇ခုနှစ်၊ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ပိတ်ပွဲအခမ်းအနားကို ရန်ကြီးအောင်ပန်းခြံရှေ့ဗဟိုမဏ္ဍပ်၌ ကျင်းပသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးနှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူ ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ်၊ ဥပဒေချုပ်နှင့် တာဝန်ရှိသူများသည် ဧပြီ ၁၆ ရက်၊ သင်္ကြန်အတက်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းမကြီးပေါ်ရှိ ကန်သာယာကန်အနီး လမ်းလျှောက်သင်္ကြန်ကျင်းပသည့် ရွှေသလ္လာနှစ်သစ်မဏ္ဍပ်၊ ရွှေပိတောက်ပျိုမေမဏ္ဍပ်၊ လျှပ်စစ်/စွမ်းအင်/လမ်းပန်းဆက်သွယ်ရေးမဏ္ဍပ်၊ ချင်းတွင်းပိတောက်မဏ္ဍပ်နှင့် ဗဟိုမဏ္ဍပ်များသို့ သွားရောက်၍ ဌာနဆိုင်ရာမဏ္ဍက်များရှိ ယိမ်းလှပျို ဖြူလေးများနှင့် နိုင်ငံကျော်အဆိုတော်များ၏  တေးသီချင်းများဖြင့် သီဆိုကပြဖျော်‌ဖြေမှု မြို့နေပြည်သူများ တစ်ပျော်တစ်ပါး ပါဝင်ဆင်နွှဲနေမှုများအား ကြည့်ရှုအားပေးကြသည်။

စစ်ကိုင်းမြို့၌ မဟာသင်္ကြန်အတက်နေ့တွင် ပြည်သူများ ဆင်နွှဲ

စစ်ကိုင်းမြို့တွင် မဟာသင်္ကြန်အတက်နေ့ ဗဟိုမဏ္ဍပ်၊ လမ်းလျှောက်သင်္ကြန်နှင့် သနပ်ခါးသင်္ကြန်ပွဲတော်များကို ယနေ့နံနက် ၈ နာရီက စတင်၍ စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပလျက်ရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေး သင်္ကြန်အကြတ်နေ့ ဌာနဆိုင်ရာမဏ္ဍပ်များနှင့် ဗဟိုမဏ္ဍပ်ရှိ မြို့နေပြည်သူများ ရေကစားနေမှုများအား လိုက်လံကြည့်ရှု

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေးနှင့်ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ ဥပဒေချုပ်နှင့် တာဝန်ရှိသူများသည် ဧပြီလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းမကြီးပေါ်ရှိ ကန်သာယာကန်အနီး လမ်းလျှောက်သင်္ကြန် ကျင်းပပြုလုပ်သည့်နေရာသို့ သွားရောက်ကြသည်။

ခန္တီးမြို့တွင် အတာရေသဘင်ပွဲတော် (အတက်နေ့) စည်ကားစွာဆက်လက်ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်အထွေထွေအုပ်ချုပ်ရေးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး၏ ကြီးကြပ်မှုဖြင့် မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြှိက်စွာကျင်းပလျက်ရှိရာ ယနေ့နံနက် (၉) နာရီအချိန်ကစတင်ပြီး ဗဟိုမဏ္ဍပ်၌ဆက်လက်ကျင်းပလျက်ရှိသည်။

စစ်ကိုင်းမြို့ မဟာသင်္ကြန်အကြတ်နေ့တွင် လမ်းလျှောက်သင်္ကြန်နှင့် သနပ်ခါးသင်္ကြန်ပွဲတော်များ ကျင်းပ

စစ်ကိုင်းမြို့တွင် ၂၀၂၆ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု သင်္ကြန်ဗဟိုမဏ္ဍပ်၊ လမ်းလျှောက်သင်္ကြန်ပွဲတော်နှင့် သနပ်ခါးသင်္ကြန်ပွဲတော်များကို ယနေ့နံနက် ၈ နာရီက စတင်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေး ၂၀၂၆-ခုနှစ်၊ မြန်မာရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် လမ်းလျှောက်သင်္ကြန်အကျနေ့ ဌာနဆိုင်ရာမဏ္ဍပ်များနှင့် ဗဟိုမဏ္ဍပ်ရှိ မြို့နေပြည်သူများ ပျော်ရွှင်စွာပါဝင်ဆင်နွှဲနေမှုအား လိုက်လံကြည့်ရှု

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေးနှင့် ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ ဥပဒေချုပ်နှင့် တာဝန်ရှိသူများသည် ယနေ့ သင်္ကြန်အကျနေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းမကြီးပေါ်ရှိ ကန်သာယာကန်အနီး လမ်းလျှောက်သင်္ကြန်ကျင်းပပြုလုပ်သည့် နေရာသို့ သွားရောက်ကြသည်။

ရွှေဘိုမြို့ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်(အကျနေ့)တွင် လာရောက်ရေကစားသူများဖြင့် စည်ကား

နှစ်ဟောင်းမှအညစ်အကြေးများကို ဆေးကြောဖယ်ရှားကာ နှစ်သစ်ကိုကြိုဆိုသည့် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို အစဉ်အလာမပျက် ကျင်းပလျက်ရှိရာ ရွှေဘိုမြို့ လမ်းလျှောက်သင်္ကြန်(အကျနေ့)၌ ရွှေဘိုမြို့သူမြို့သားများအပြင် ရပ်ဝေးရပ်နီးမှ ပြည်သူများပါ ပျော်ရွှင်စွာ လာရောက်ရေကစားသူများဖြင့် စည်ကားလျက်ရှိသည်။

စစ်ကိုင်းမြို့တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု သင်္ကြန်ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားများကျင်းပ

စစ်ကိုင်းမြို့တွင် ၂၀၂၆ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု သင်္ကြန်ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားများကို ယနေ့မွန်းလွဲပိုင်းက စစ်ကိုင်းမြို့ ကမ်းနားလမ်းတွင် ကျင်းပသည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး