မင်းကင်း ဇွန် ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအသစ်များ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပြန်လည်ရွေးချယ်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မင်းရာဇာခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ရဲမှူးထွန်းဇော်က အဖွင့်အမှာစကားပြောကြားပြီးနောက် ခေတ္တာမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်ဦးက ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအသစ်များ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပြန်လည် ရွေးချယ်နိုင်ရေးအတွက် Power Point ဖြင့် အသေးစိတ်ဆွေးနွေးရှင်းလင်းခဲ့သည်။
ထို့နောက်တက်ရောက်လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု စာရေးများက လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ သိရှိလိုသည်များကို အသီးသီးဆွေးနွေး မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားခဲကြပြီး လိုအပ်သည်များ ပေါင်းစပ်ညိနှိုင်းပေးခဲ့ကြသည်။ အဆိုပါ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအသစ်များ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပြန်လည်ရွေးချယ်နိုင်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့များ ရွေးချယ်တာဝန်ပေးအပ်နိုင်ရာ ဌာနဆိုင်ရာ တာဝန်ရိသုများက ရပ်ကွက်/ကျေးရွာများတွင် အသီးသီးကွင်းဆင်းရွေးချယ်သွားကြမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)