စစ်ကိုင်းတိုင်းဒေသကြီး

ကျွန်းလှမြို့နယ်တွင် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အမျိုးသား၊ အမျိုးသမီး ဌာနပေါင်းစုံဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဖူဆယ်ဘောလုံးအားကစား အဆင့်အတန်းတိုးတက်မြှင့်မားစေရန်၊ ဌာနအချင်းချင်းရင်းနှီးမှုစေရန် ရည်ရွယ်၍ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အမျိုးသား၊ အမျိုးသမီး ဌာနပေါင်းစုံ ဖူ‌ဆယ်ဘောလုံးပြိုင်ပွဲကို ရွှေကျွန်းမြေမိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ရေဦးတွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာ‌ပေးလက်ကမ်းစာစောင်များဖြန့်ဝေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းနိုင်ထွန်း၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ တို့ဦးဆောင်မှုနှင့်အတူ ဌာနဆိုင်ရာတာ၀န်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊  မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များလိုက်ပါပြီး ယမန်နေ့နံနက် ၇ နာရီက ဗိုလ်အောင်ဇေယျရပ်ကွက်၊ အောင်ချမ်းသာရပ်ကွက်နှင့် မြို့မစည်ပင်သာယာဈေးတို့တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။

ဖောင်းပြင်မြို့တွင် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မူလတန်းအဆင့် အမျိုးသားဘောလုံးအားကစားပြိုင်ပွဲကျင်းပ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ် ပညာရေးဌာနကကြီးမှူး၍  (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မူလတန်းအဆင့် အမျိုးသားဘောလုံးအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နေ့လယ် ၂ နာရီက မြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်သည်။

မြင်းမူမြို့၌ ရွေးကောက်ပွဲဆိုင်ရာ ဒို့အတူတူမဲပေးကြမယ် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

မြင်းမူမြို့၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးတွင် မဲဆန္ဒရှင်ပြည်သူများ ပါဝင်မဲပေးနိုင်ရေးနှင့် ရွေးကောက်ပွဲဆိုင်ရာများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေး ရည်ရွယ်၍ “ဒို့အတူတူမဲပေးကြမယ်”၊ “ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့” အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယမန်နေ့နံနက်ပိုင်းက မန္တလေး - မုံရွာကားလမ်းမပေါ်ရှိ အ.ထ.က(၁)ကျောင်းရှေ့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်၌ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံခြင်းလုပ်ငန်း အသိပေးဆွေးနွေးပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်၌ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး(HPV)ထိုးနှံခြင်းလုပ်ငန်း အသိပေးဆွေးနွေးပွဲကို ဒီဇင်ဘာ ၁၆ ရက်နံနက် ၉ နာရီခွဲက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ကလေးမြို့၌ ရွေးကောက်ပွဲဆိုင်ရာ လှုံ့ဆော်ရေးအသိပညာပေး မြေစိုက်ပိုစတာစိုက်ထူ    

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၌ ဒီဇင်ဘာ  ၂၈ ရက်‌နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့်ပြည်သူများ မဲပေးနိုင်ရေးအတွက် လှုံ့ဆော်ရေး မြေစိုက်ပိုစတာစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျွန်းလှမြို့နယ် ရှမ်းစုကျေးရွာ၌ အိုးလုပ်ငန်းစတင်လုပ်ကိုင်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာ၌ စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြသော်လည်း တစ်ဖက်တလမ်းက မိသားစုဝင်ငွေရရှိစေရန် အိုးလုပ်ငန်းစတင်လုပ်ကိုင်နေကြပြီဖြစ်ကြောင်း သိရသည်။

ကသာမြို့တွင် မဲရုံဖွင့်လှစ်ရန် လျာထားသည့်‌နေရာများအား ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးအဖွဲ့များ ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံများ ဖွင့်လှစ်ရန်လျာထားသည့် အခြေခံပညာကျောင်းများအား ယနေ့နံနက်(၉)နာရီအချိန်တွင် ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့များက ကွင်းဆင်း၍ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင် မဲရုံပြုလုပ်မည့်နေရာများအား လိုက်လံကြည့်ရှုစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာမောင်စိုးနှင့်  တာဝန်ရှိသူများသည်  စစ်ကိုင်းမြို့၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် မဲရုံများကျင်ပပြုလုပ်မည့် နေရာများအား ယနေ့နံနက်ပိုင်းက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို    ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကလေးမြို့တွင် အမျိုးသမီးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍအကြောင်း အသိပညာပေး Talk Show ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်  အမျိုးသမီးနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍအကြောင်း အသိပညာပေးဆွေးနွေးပွဲ Talk Showကို ယမန်နေ့မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန (Community centre)၌ ကျင်းပခဲ့သည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး