စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် မြန်မာ-တရုတ်ပူးပေါင်းဆက်ဆံရေး အသင်းမှကူညီဆောင်ရွက်သည့် စစ်ကိုင်းမြို့၊ ရွှေမင်းဝံဈေး မြန်မာ-တရုတ်ချစ်ကြည်ရေး ဈေးရုံရတနာပန္နက်တော်တင်နှင့် တွင်းတော်ဝန်းမင်္ဂလာ အခမ်းအနားတက်ရောက်
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် မြန်မာတရုတ်ကုမ္ပဏီများအသင်းတို့ ပူးပေါင်းလှူဒါန်း၍ မြန်မာ-တရုတ်ပူးပေါင်းဆက်ဆံရေး အသင်းမှကူညီဆောင်ရွက်သည့် စစ်ကိုင်းမြို့၊ ရွှေမင်းဝံဈေး မြန်မာ-တရုတ်ချစ်ကြည်ရေးဈေးရုံ ရတနာပန္နက်တော်တင်နှင့် တွင်းတော်ဝန်းမင်္ဂလာ အခမ်းအနားကို စက်တင်ဘာလ ၇ ရက်၊ နံနက်ပိုင်းတွင် အဆိုပါဈေးရုံ တည်ဆောက်မည့် မြေနေရာတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံး ယာယီတာဝန်ခံ Ms Cao Ping (မစ္စချောင်းကျင့်)၊ မြန်မာတရုတ်ကုမ္ပဏီများအသင်းဥက္ကဋ္ဌ Mr.Liu Ming (မစ္စတာလျိုမင်း)နှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများ တက်ရောက်ကြသည်။