ကျွန်းလှမြို့နယ်၌ အောင်နိုင်တိုး မိုးစပါးခေါင်နှံရွေးချယ်ခြင်းနှင့် စံကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ်မိုးရာသီစိုက်ပျိုးခဲ့သော အောင်နိုင်တိုး မိုးစပါး မျိုးစေ့ထုတ်စံပြကွက် ခေါင်နှံရွေးချယ်ခြင်းနှင့် စံကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲကို ဒီဇင်ဘာ ၁၅ ရက်နံနက် ၈ နာရီက ရှမ်းစုကျေးရွာ၊ ကွင်းအမှတ် (၄၉၆) ၊ တောင်သူ ဒေါ်မာမာအေး၏ စပါးစိုက်ခင်း တစ်ဧက၌ ကျင်းပသည်။