စစ်ကိုင်းတိုင်းဒေသကြီး

ဖောင်းပြင်မြို့နယ်လုံးဆိုင်ရာ အသံမစဲ မဟာပဋ္ဌာန်းပွဲနှင့် ဥပ္ပါတသန္တိရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ဖောင်းပြင်မြို့နယ်လုံးဆိုင်ရာ အသံမစဲ မဟာပဋ္ဌာန်းပွဲနှင့် ဥပ္ပါတသန္တိရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နေ့လယ် ၁နာရီအချိန်က တောင်ဖီလာကျောင်းတိုက်၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

ဟုမ္မလင်းမြို့၌ ပလတ်စတစ်ကင်းစင်ရေးနှင့် အမှိုက်များစနစ်တကျ စွန့်ပစ်‌ရေးတို့အတွက် (Plastic Campaign) ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့တွင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊မြို့နယ်ရေအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည် သာယာလှပစေရန်၊ ပလတ်စတစ်ကင်းစင်ရေးနှင့်အမှိုက်များစနစ်တကျစွန့်ပစ်‌ ရေးတို့အတွက် Plastic Campaign ဆောင်ရွက်မှုအား၊  ယမန်နေ့နံနက် (၈)နာရီခွဲအချိန်ကဟုမ္မလင်းမြို့နယ်၊ နားနှုံးကျေးရွာ ချင်းတွင်းမြစ်ကမ်းနားတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကလေးဝမြို့တွင် ချင်းတွင်းမြစ်နှင့်မြစ်သာမြစ်တို့၏ မြေပေါ်ရေအရည်အသွေး တိုင်းတာစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ချင်းတွင်းမြစ်နှင့် မြစ်သာမြစ်တို့၏ မြေပေါ်ရေ အရည်အသွေးတိုင်းတာစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းမြို့၊ အခြေခံပညာအလယ် တန်းကျောင်း(ခွဲ)ထူပါရုံ “ကြံ့နှစ်ကောင်ဖောင်ဒေးရှင်း” စာသင်ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားတက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ မင်းလမ်းရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) “ကြံ့နှစ်ကောင်ဖောင်ဒေးရှင်း” စာသင်ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၁၀ ရက်၊ နံနက်ပိုင်းတွင် အဆိုပါကျောင်းဆောင်တွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကြံ့နှစ်ကောင်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ခန္တီးမြို့၌ ဆောင်းဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရာတွင် စိုက်ပျိုးရေရရှိရေးအတွက် တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ခရိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီက ကြီးမှူး၍ ဆောင်းဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးရာတွင် စိုက်ပျိုးရေရရှိရေးအတွက် တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က ခန္တီးခရိုင် အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ခန္တီးမြို့၌ မိုးရာသီအထိမ်းအမှတ် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အမျိုးသား(အလွတ်တန်း) ဖူဆယ်ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ၂၀၂၅ ခုနှစ်၊ မိုးရာသီအထိမ်းအမှတ် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အမျိုးသား(အလွတ်တန်း)ဖူဆယ်ဘောလုံးပြိုင်ပွဲကို သြဂုတ်လ(၂၇)ရက်နေ့မှ စတင်ကျင်းပခဲ့ရာ ဆုချီးမြှင့်ခြင်းအခမ်းအနားကို စက်တင်ဘာလ ၉ ရက်နေ့က ခန္တီးမြို့နယ် ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ဖောင်းပြင်မြို့၌ ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ လုံခြုံရေးအဖွဲ့အစည်းများနှင့် ရပ်ကွက်အလိုက်အလှူရှင်များက မြို့နယ်လုံးကျွတ် စာရေးတံမဲများ ဆက်ကပ်လှူဒါန်း

ဖောင်းပြင်မြို့တွင် ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ လုံခြုံရေးအဖွဲ့အစည်းများနှင့် ရပ်ကွက် အလိုက် အလှူရှင်များစုပေါင်း၍ မြို့နယ်လုံးကျွတ် စာရေးတံမဲများကို ဝါတွင်းကာလ သီတင်း သုံးတော်မူကြသော ဝါဆိုသံဃာတော်အရှင်သူမြတ် ၆၆ ပါးတို့အား စက်တင်ဘာလ ၆ ရက်နေ့နံနက်ပိုင်းက ဆက်ကပ် လှူဒါန်းကြသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပြန့်ပွားရေး သင်တန်းဆင်းပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့တွင် ကန့်ဘလူခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် စက်မှုလုပ်ငန်းရှင်များ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပြန့်ပွားရေးသင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ကလေးမြို့၌ အသက် (၃) နှစ်မှ (၅) နှစ် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၌ အသက် ၃ နှစ်မှ ၅ နှစ် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ကန့်ဘလူမြို့၌ စားအုန်းဆီများ စျေးနှုန်းသက်သာစွာ ရောင်းချပေး

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ဌာနဆိုင်ရာများ၊ ဆီလုပ်ငန်းရှင်များ၊ ဆီကုန်သည်များ ပူးပေါင်းကာ ရပ်ကွက်နေပြည်သူများအား စားအုန်းဆီများကို ပြင်ပပေါက်စျေးထက် လျှော့ချ ရောင်းချပေးလျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီက ကန့်ဘလူမြို့ အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့ ရွှေကျွန်းတောလမ်းဘေး၌ ရောင်းချပေးသည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး