မုံရွာမြို့နယ်၌ ရွေးကောက်ပွဲနေ့မတိုင်မီ ခရီးဝေးတွင် တာဝန်များ ထမ်းဆောင်ကြမည့် ဝန်ထမ်းများ ကြိုတင်ဆန္ဒမဲပေး
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ (၂၈)ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပသည့်နေ့နှင့် ယင်းနေ့မတိုင်မီ နိုင်ငံတော်တာဝန်များဖြင့် ခရီးဝေးသွားလာကြသည့် ဝန်ထမ်းများ ကြိုတင်ဆန္ဒမဲပေးခြင်းကို ဒီဇင်ဘာ (၁၈)ရက်နေ့က စတင်၍ မုံရွာမြို့နယ်၊ နန္န္ဒဝန်ရပ်ကွက်ရှိ မြို့နယ်စုပေါင်းရုံးတွင် ဆောင်ရွက်ကြသည်။