စစ်ကိုင်းတိုင်းဒေသကြီး

ကသာမြို့တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် (၉)နာရီခွဲအချိန်က အ.ထ.က(ခွဲ) လ (၁) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ခန္တီးမြို့၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် ဇာတ်တိုက်သရုပ်ပြသခြင်း ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့တွင် မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွား၊ မပေါ်ပေါက်စေရန်နှင့် မီးဘေးအန္တရာယ်ကြုံတွေ့လာပါက မိမိတို့ကိုယ်တိုင် ပါဝင်ကူညီဆောင်ရွက်တတ်စေရန်ရည်ရွယ်၍ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် ဇာတ်တိုက်သရုပ်ပြသခြင်းကို ယမန်နေ့ နံနက် (၉) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(ခန္တီး)၊ ကျန်စစ်သားခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

(၇၇) နှစ်မြောက် လွတ်‌လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ မုံရွာမြို့တွင် ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၅ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် လွတ်‌လပ်ရေးနေ့အထိမ်းအမှတ် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြတ်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များပြသပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မုံရွာမြို့၊ မြို့သစ်ရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းမြို့၌ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကျင်းပ

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကို ယနေ့နံနက် (၉) နာရီခွဲအချိန်က စစ်ကိုင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း (ရွှေမင်းဝံ)၊ ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ချောင်းဦးမြို့နယ်၌ပဲစင်းငုံသီးနှံစိုက်ခင်းများအောင်မြင်ဖြစ်ထွန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၌ ပဲစင်းငုံသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းနှင့် ယခုနှစ်စိုက်ပျိုးရန် ရာထားချက်ပြည့်မီလုနီးပါး စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

ကန့်ဘလူမြို့မစျေး၌ စားသုံးသူဘေးအန္တရာယ်ကင်းရှင်းရေး ဆေးဆိုင်များနှင့် စားသောက်ကုန်များအား ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့တွင် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ကန့်ဘလူမြို့မစျေး၌ ရောင်းချလျက်ရှိသော ဆေးဆိုင်များနှင့်စားသောက်ကုန်များကို ယမန်နေ့ နံနက် ၉ နာရီက ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ကိုင်းမြို့နယ် ကုန်းရွာကျေးရွာတွင် မိုးစပါးစံကွက်ရိတ်သိမ်းပွဲ ကျင်းပ

စစ်ကိုင်းမြို့နယ်၊ ကျောက်ဆည်ကျေးရွာအုပ်စု၊ ကုန်းရွာကျေးရွာတွင် မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့ နံနက်(၉)နာရီက ကွင်းအမှတ်၊ ၈၃၆/ ၁၇၀၀ ဦးပိုင်အမှတ် (၁၃၁)၊ အကွက်အမှတ် (၁၉၆) တောင်သူ ဦးအောင်ဇော်မြင့်၏ ဧက(၁၀၀) မိုးစပါးစိုက်ခင်း၌ ကျင်းပပြုလုပ်သည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်များ လိုက်လံကြည့်ရှုစစ်ဆေးခြင်းနှင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဒေသခံတိုင်း ရင်းသားများနှင့် တွေ့ဆုံပွဲအခမ်းအနား တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဖောင်းပြင်တပ်နယ်မှူး၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့်တာဝန်ရှိသူများ လိုက်ပါလျက် ဒီဇင်ဘာလ ၉ ရက်၊ နံနက်ပိုင်းတွင် မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့၊ ရာဇမုနိပရိယတ္တိစာသင်တိုက်သို့ရောက်ရှိရာ ဆရာတော်ကြီးများထံ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးအားဆက် ကပ်လှူဒါန်းကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ကြသည်။

မုံရွာမြို့၌ မြေအသုံးချရေးဆိုင်ရာနည်းပညာများ စာတွေ့လက်တွေ့အသိပညာပေး ဆွေးနွေးပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုဖြင့် တိုင်းမြေအသုံးချရေးဌာနခွဲမှ တာဝန်ရှိသူများဦးဆောင်ပြီး ယမန်နေ့နံနက်ပိုင်းက မုံရွာမြို့၊ အခြေခံပညာစိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်း(အလုံ)ရှိ ကျောင်းသားကျောင်းသူများအား မြေအသုံးချရေးဆိုင်ရာနည်းပညာများအား စာတွေ့လက်တွေ့သွားရောက်အသိပညာပေး ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခန္တီးမြို့၌ သားအိမ်ခေါင်းကင်ဆာနှင့် ဆုံဆို့မေးခိုင်ကာကွယ်ဆေးများထိုးနှံပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့တွင် မိခင်ကလေးကျန်းမာရေးဌာန၊ ဝန်ထမ်းများက သားအိမ်ခေါင်းကင်ဆာနှင့် ဆုံဆို့မေးခိုင်ကာကွယ်ဆေးများကို မြို့ပေါ်ကျောင်းများဖြစ်သည့် အ.ထ.က(ခွဲ)မြို့မ၊ အ.မ.က(၁)သာစည်၊ အ.မ.က(၃)ပေါမိုင်း၊ အ.မ.က(၅)အောင်သာ၊ ဘ.ကကျောင်းများမှ အသက်(၅)နှစ်မှ (၇)နှစ်အရွယ်ကလေးများကို ဆုံဆို့မေးခိုင်ကာကွယ်ဆေးကိုလည်းကောင်း၊ အသက်(၉)နှစ်နှင့် (၁၀)နှစ်အရွယ်မိန်းကလေးများကို သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးကိုလည်းကောင်း ယမန်နေ့နံနက် (၉)နာရီအချိန်မှ စတင်ထိုးနှံပေးလျက်ရှိ‌ကြောင်း သိရသည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး