ကသာ ဒီဇင်ဘာ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် (၉)နာရီခွဲအချိန်က အ.ထ.က(ခွဲ) လ(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အသိပညာပေး ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စောကလျာက "ကလေအလုပ်သမား ပပျောက်ရေးဆိုင်ရာ" ခေါင်းစဉ်ဖြင့်ဟောပြောသည်။ ကသာဒုခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းလွင်က "အကောင်းမြင်စိတ်ရှိဖို့ခါင်းစဉ်နှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကသာမြို့မစခန်းမှူး ဒုရဲမှူးတင့်နိုင်ထူးက ဥပဒေဆိုင်ရာ ပြစ်မှု၊ ပြစ်ဒဏ်များနှင့် ပတ်သက်သည့် အကြောင်းအရာများကိုလည်းကောင်း၊ ခရိုင်မူးယစ် တပ်ဖွဲ့စု(၆)မှ မူးယစ်တပ်ဖွဲ့စုမှူးရဲအုပ် စောကျော်ဇောထွန်းက "မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ပစ်မှု၊ ပစ်ဒဏ်" အကြောင်းအရာများ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်အေးမော်က "ကလေးသူငယ်ဥပဒေနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ" အကြောင်းအရာများ ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောခဲ့ကြပြီး အထက(ခွဲ) လ (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်စန်းက ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ထို့နောက် ကသာမြို့နယ်တွင် လူငယ်လူရွယ်များအနေဖြင့် အသိပညာပေး ဟောပြောပွဲများမှ ရရှိသည့် အသိပညာဗဟုသုတများကို မိမိပတ်ဝန်းကျင်အတွက် ကောင်းကျိုးရှိစွာ ကြံဆအသုံးပြုတတ်စေရန် လိုအပ်ပါကြောင်း၊ ယခုလိုအသိပညာပေး ဟောပြောပွဲများကိုလည်း ဌာနဆိုင်ရာများနှင့် ပူးပေါင်းကာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
ခရိုင်(ပြန်/ဆက်)