စစ်ကိုင်းတိုင်းဒေသကြီး

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လိုက်လံကြည့်ရှု စစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ စစ်ကိုင်း ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်း တောင်ရိုးရှိ ဘုန်းတော်ကြီးများနှင့် သီလရှင်ကျောင်းများအနီး ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်ရေးတို့အတွက် စစ်ကိုင်း-ကျောက်တာ-ရေခါး-စကျင်လမ်း ၀/၀ မှ ၉/၀ အထိ အုတ်စီရေမြောင်းများဆောင်ရွက်နေမှု လုပ်ငန်းခွင်သို့ရောက်ရှိရာ ခရိုင်လမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက အုတ်စီရေမြောင်းများ ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ ဒီဇင်ဘာအားကစားလ ဒုတိယပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ၂၀၂၄-ခုနှစ်၊ ဒီဇင်ဘာအားကစားလ ဒုတိယပတ် လူထုစုပေါင်းလမ်းလျှေက်ပွဲကို ယမန်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ အရှေ့ဘက် ကန်သာယာကန်ရှိ ပြည်ထောင်စုရင်ပြင်တွင် ကျင်းပရာ လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ မှဝန်ထမ်းများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်များ၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းတို့မှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ မြို့နေ ပြည်သူများနှင့် အားကစားကိုချစ်မြတ်နိုးသူများ တက်ရောက်ခဲ့ကြသည်။ 

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ အိုးဘိုတောင်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အတွင်း စုပေါင်းသန့်ရှင်းလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုအားပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေသည့် ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာဖြင့် ကျန်းမာသန်စွမ်းစွာ ပညာသင်နိုင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ အိုးဘိုတောင်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ဝန်းအတွင်းရှိ သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းခြင်း၊ ခြင်များပေါက်ပွားနိုင်သည့် ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးတို့အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမူရေးအသင်းအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ/မများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/သူများမှ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ကြသည်။

ကန့်ဘလူမြို့ လူထုအခြေပြုဗဟိုဌာန၌ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဆုကိုယ်ပိုင်အထက်တန်းဆင့်သင်ကျောင်းတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။

တမူးမြို့တွင် ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက်(၀၅း၃၀)နာရီအချိန်က စုရပ်ဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှစတင်၍ ပြည်သူ့အားကစားကွင်းသို့ တပျော်တပါး စုပေါင်းလမ်းလျှောက်ခဲ့ကြကြောင်း သိရသည်။

ဒီဇင်ဘာအားကစားလ ကျောင်းတွင်းအားကစားပြိုင်ပွဲများကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အ‌ခြေခံပညာစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက် ၉ နာရီက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းတွင်း အားကစားပြိုင်ပွဲများ ကျင်းပခဲ့သည်။

ကသာမြို့တွင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနား ပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီအချိန်က အမှတ် (၄) အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင်စေတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူနိုင်ရေး အလှူတော်ငွေပေးအပ်ပွဲ အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး ဆွမ်းဦးပုညရှင်စေတီတော် မြတ်ကြီးလုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူနိုင်ရေး အလှူတော်ငွေပေးအပ်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၁၂ ရက်၊ နံနက်ပိုင်းတွင် အဆိုပါစေတီတော်ကြီးရှိ ပုညရှင်သာသ နာ့ဗိမာန်တော်ကြီးတွင်ကျင်းပရာ အခမ်းအနားသို့ နိုင်ငံတော်သြဝါဒါစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက သောဠသမရွှေကျင်သာသနာပိုင် သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များ၏ အဓိပတိဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရ ဆရာတော်ကြီးနှင့် ပင့်သံဃာဆရာတော် ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ အလှူရှင်များနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု လိုက်လံကြည့်ရှုစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများ၊ စစ်ကိုင်းခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့မွန်းလွဲပိုင်းတွင် စစ်ကိုင်းစက်မှုဇုန်ရှိ မဟာနီလာကုမ္ပဏီ နီဖန်း EV ဆိုင်ကယ်နှင့် သုံးဘီးဆိုင်ကယ် ထုတ်လုပ်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိရာ စက်ရုံတာဝန်ခံမှ နှစ်ဘီးဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ် တပ်ဆင်နေမှုများ၊ တပ်ဆင်ပြီးစီးမှု ဆိုင်ကယ်များနှင့် ဆိုင်ကယ်ဘရိတ်ရှူးထုတ်လုပ်နေမှု အခြေအနေများအား လိုက်လံရှင်းလင်းပြသသည်။

ကန့်ဘလူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံသီးနှံ ၈၉၂၇၂ ဧက စိုက်ပျိုးပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံသီးနှံများဖြစ်သည့် မတ်ပဲ၊ ပဲတီစိမ်း၊ ထောပတ်ပဲ၊ စွန်တာနီ၊ စွန်တာပြာ၊ ကုလားပဲ၊ ပဲကြီး၊ စားတော်ပဲ၊ ပဲလွမ်းနှင့် အခြားပဲ ၉၇၁၃၇ ဧကကို စိုက်ပျိုးရန်လျာထားပြီး စက်တင်ဘာ/အောက်တိုဘာလများက စတင်စိုက်ပျိုးခဲ့ရာ ယခုအခါ ပဲမျိုးစုံသီးနှံ ၈၉၂၇၂ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး