ခန္တီး ဒီဇင်ဘာ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့တွင် မိခင်ကလေးကျန်းမာရေးဌာန၊ ဝန်ထမ်းများက သားအိမ်ခေါင်းကင်ဆာနှင့် ဆုံဆို့မေးခိုင်ကာကွယ်ဆေးများကို မြို့ပေါ်ကျောင်းများဖြစ်သည့် အ.ထ.က(ခွဲ)မြို့မ၊ အ.မ.က(၁)သာစည်၊ အ.မ.က(၃)ပေါမိုင်း၊ အ.မ.က(၅)အောင်သာ၊ ဘ.ကကျောင်းများမှ အသက်(၅)နှစ်မှ (၇)နှစ်အရွယ်ကလေးများကို ဆုံဆို့မေးခိုင်ကာကွယ်ဆေးကိုလည်းကောင်း၊ အသက်(၉)နှစ်နှင့် (၁၀)နှစ်အရွယ်မိန်းကလေးများကို သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးကိုလည်းကောင်း ယမန်နေ့နံနက် (၉)နာရီအချိန်မှ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံးပေးခြင်းကို ဒီဇင်ဘာလ(၁၀)ရက်နေ့တွင် အ.လ.က(ဇီးဖြူကုန်း)၊ အ.မ.က(၆)၊ အ.မ.က(၇) ကျောင်းများမှ ကလေးငယ်များအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကမ်းကီး(ပြန်/ဆက်)