မုံရွာမြို့၌ မြေအသုံးချရေးဆိုင်ရာနည်းပညာများ စာတွေ့လက်တွေ့အသိပညာပေး ဆွေးနွေးပွဲကျင်းပ

မုံရွာ ဒီဇင်ဘာ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုဖြင့် တိုင်းမြေအသုံးချရေးဌာနခွဲမှ တာဝန်ရှိသူများဦးဆောင်ပြီး ယမန်နေ့နံနက်ပိုင်းက မုံရွာမြို့၊ အခြေခံပညာစိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်း(အလုံ)ရှိ ကျောင်းသားကျောင်းသူများအား မြေအသုံးချရေးဆိုင်ရာနည်းပညာများအား စာတွေ့လက်တွေ့သွားရောက်အသိပညာပေး ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဦးစွာ တိုင်းမြေအသုံးချရေးတာဝန်ခံက မြေအမျိုးအစားအလိုက်သီးနှံစိုက်ပျိုးရေး၊ မြေသြဇာအမျိုးအစားအလိုက်မှန်ကန်စွာ စနစ်တကျထည့်သွင်းနိုင်ရေးနှင့် သဘာဝမြေသြဇာပြုလုပ်သုံးစွဲနည်းတို့အား ပို့ချဆွေးနွေးခဲ့သည်

ဆက်လက်၍ တိုင်းဒေသကြီးမြေအသုံးချရေးမှဒု-ဦးစီးမှူးဒေါ်နုနုခိုင်က ဓာတုကင်းလွတ်အာဟာရပြည့်ဝပြီး သီးနှံအရည်အသွေးကောင်းမွန်စေသော ရွက်ဖျန်းအားဆေးရည် အဏုဇီဝဖျော်ရည် ဖျော်စပ်ပြုလုပ်ပုံအဆင့်ဆင့်အားလည်းကောင်း ဒု-လက်ထောက်ဦးစီးမှူး ဒေါ်အိရတနာထွန်းမှ မြေဆီလွှာအာဟာရဓာတ်ပါဝင်မှုကိုသိရှိနိုင်ရန်နှင့် မြေဩဇာစနစ်တကျထည့်သွင်းနိုင်ရေးအတွက် မြေနမူနာယူခြင်းနှင့် မြေဆီလွှာ ဓာတ်ခွဲစမ်းသပ်ခြင်းတို့အား စာတွေ့လက်တွေ့ သွားရောက်ပြသဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးမြေအသုံးချရေးဌာနခွဲမှ(School Garden) စိုက်ခင်းများတွင် အသုံးပြုရန်အဏုဇီဝဖျော်ရည်(EM)များအား ကျောင်း၏တာဝန်ရှိသူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါ မြေအသုံးချရေးဆိုင်ရာ နည်းပညာများ အသိပညာပေးပြသဆောင်ရွက်မှုတွင် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်း()ဦး၊ ဆရာ/ဆရာမ(၁၀)ဦး၊ ကျောင်းသား/သူ(၆၆)ဦး စုစုပေါင်း(၈၃)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)