စစ်ကိုင်းတိုင်းဒေသကြီး

မုံရွာမြို့၊ ကျောက္ကာလမ်းသန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးနှင့် ချမ်းမြဝတီရပ်ကွက်နှင့် မြဝတီရပ်ကွက်တို့အတွင်း ရေနှုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်း အ‌ကောင်အထည်ဖော်ဆောင်ရွက်မည့် နေရာများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး မြို့တော်မုံရွာမြို့ သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာကောင်းမွန်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးအတွက် ရည်ရွယ်ပြီး ‌မုံရွာမြို့၊ ကျောက္ကာလမ်းသန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် စက်တင်ဘာ ၂၆ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး မုံရွာခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ကျောက္ကာလမ်းနှင့် ချမ်းမြဝတီရပ်ကွက်၊ မြဝတီရပ်ကွက်တို့ရှိ ရေနှုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်း အ‌ကောင်အထည်ဖော်ဆောင်ရွက်မည့် နေရာစုစုပေါင်း(၇)နေရာအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

နာဂ ဒေသလဟယ်မြို့တွင် MEVM မဲပေးစက် ထိန်းချုပ် ကိုင်တွယ်အသုံးပြုပုံ အသုံးပြုနည်း သင်တန်းဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသလဟယ်မြို့တွင် ၂၀၂၅ခုနှစ် ဒီဇင်ဘာလတွင်ကျင်းပမည့် ပါတီစုံ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး MEVM မဲပေးစက်ထိန်းချုပ်ကိုင်တွယ်အသုံးပြုပုံ အသုံးပြုနည်းသင်တန်းဖွင့်ကိုယနေ့ နံနက် ၉ နာရီအချိန် လဟယ်မြို့နာဂရိုးရာယဉ် ကျေးမှုပြတိုက်ခန်းမ၌ ကျင်းပပါသည်။

ကန့်ဘလူခရိုင်၌ ယခုနှစ်ဆောင်းသီးနှံမျိုးစုံ ၄၀၉၆၇၇ ဧက လျာထားစိုက်ပျိုးမည်

၂၀၂၅-၂၀၂၆ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်အတွင်းရှိမြို့နယ်များ၌ ဆောင်းသီးနှံစုံ ၄၀၉၆၇၇ ဧက စိုက်ပျိုးသွားရန် လျာထားကြောင်း ကန့်ဘလူခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်လှကြိုင်ထံမှ သိရသည်။

စစ်ကိုင်းမြို့တွင် မီးသတ်ဦးစီးဌာနမှ ငလျင်ဘေးတွင် အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့သည့် ပြည်သူများအား အမှတ်တရလက်ဆောင်များ ပေးအပ်

စစ်ကိုင်းခရိုင်နှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှု ၆ လပြည့်အထိမ်းအမှတ်အဖြစ် ငလျင်ဘေးကယ်ဆယ်ရေးတွင် အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့သည့် ပြည်သူများအား ယနေ့နံနက်ပိုင်းက အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့ထေရဝါဒ ဗုဒ္ဓသာသနာပြုကျောင်း၌ ယမန်နေ့နံနက် (၉)နာရီ အချိန်က ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်း၍ သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် မြို့ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုခြင်းနှင့် မုံရွာမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက်များသို့ လှူဖွယ်ဝတ္ထုပစ္စည်း ၄ မျိုး ဆက်ကပ်လှူဒါန်း

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများသည် စက်တင်ဘာလ ၂၇ ရက်၊ နံနက်ပိုင်းတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၌ မုံရွာမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှ ကျောင်းသား၊ကျောင်းသူများ ကျန်းမာသန်စွမ်းစွာဖြင့် ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းများဥပတိရုပ် ကောင်းမွန်စေရေးအတွက် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ အခြေခံ ပညာအလယ်တန်းကျောင်း(ခွဲ)ဝန်းအတွင်း ခြင်များပေါက်ဖွားနိုင်သည့် သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြတ်များနှင့် ပလပ်စတစ်အမှိုက်များအား မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့ များ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။

ကန့်ဘလူမြို့နယ်၌ ပထမအကြိမ် မဲစာရင်းကြေညာရန်အတွက် မဲစာရင်းစိစစ်ခြင်းအခမ်းအနား ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ပထမအကြိမ် မဲစာရင်းကြေညာရန်အတွက် မဲစာရင်းစိစစ်ခြင်း အခမ်းအနားကို စက်တင်ဘာ ၂၇ ရက်နေ့ နံနက် ၁၀ နာရီက ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်မှုကော်မတီဥက္ကဋ္ဌ ဦးကျော်ခိုင်ဦး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်/ ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

လဟယ်မြို့တွင် ခွေးရူးရောဂါ ကြိုတင်ကာကွယ်တိုက်ဖျက်‌ ရေးအသိပညာပေးဟောပြော

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသလဟယ်မြို့တွင် ၂၀၂၅ ခုနှစ် စက်တင်ဘာလ (၂၈) ရက်နေ့တွင်ကျရောက်သည့် (၁၉) ကြိမ် မြောက်ကမ္ဘာ့ ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ခွေးရူးရောဂါကင်းစင်‌‌ရေး မနှေးအမြန်လက်တွဲပေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန် လဟယ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန community center ခန်းမ၌ ကျင်းပပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်

၂၀၂၅ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် (၂၅) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၂၆ ရက်၊ ညနေပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်များနှင့် အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူများ၊ နည်းပြများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။

နန်းယွန်းမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် ကိုင်တွယ်အသုံးပြုနည်းသင်တန်းဖွင့်လှစ်

စစ်ကိုင်းတိုင်းဒသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့တွင်၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် ကိုင်တွယ်အသုံးပြုနည်းသင်တန်းကို ယမန်နေ့မွန်းတည့် ၁၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး