မုံရွာ ဖေဖော်ဝါရီ ၂၃
မုံရွာစီးပွားရေးတက္ကသိုလ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် Fitness Dance ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါတက္ကသိုလ် ငွေရတုခန်းမ ပင်မဆောင်တွင် ကျင်းပပြုလုပ်ရာ မုံရွာစီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာနီလာမြင့်ထူးနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မုံရွာစီးပွားရေးတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများနှင့် Fitness Dance ပြိုင်ပွဲဝင် သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ Fitness Dance ပြိုင်ပွဲ ဒိုင်လူကြီးများနှင့်မိတ်ဆက်ပေးပြီး Fitness Dance ပြိုင်ပွဲဝင်အသင်း (၄)သင်း၏ တင်ဆက်ယှဉ်ပြိုင်မှုနှင့် မုံရွာစီးပွားရေးတက္ကသိုလ်မှ သင်တန်းသူလေးများ၏ စုပေါင်းလေ့ကျင့်ခန်းအကဖြင့် သရုပ်ပြသမှုတို့အား ပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာနီလာမြင့်ထူးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကာ ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုထူးချွန်ဆုရရှိသူများအား ဆုချီးမြှင့်ပေးအပ်ပြီး ဒိုင်လူကြီးများအားလည်း မေတ္တာလက်ဆောင်ပေးအပ်ခဲ့ကာ အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)