ရွှေဘိုမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် Grade-5 နှင့် Grade-9 နှစ်ဆုံးစာမေးပွဲ အင်္ဂလိပ်စာဘာသာရပ်ကို ဖြေဆိုလျက်ရှိ

ရွှေဘို ဖေဖော်ဝါရီ ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာမူလတန်းအဆင့် Grade-5 နှင့် အခြေခံပညာအလယ်တန်းအဆင့် Grade-9 နှစ်ဆုံးစာမေးပွဲ၊ အင်္ဂလိပ်စာဘာသာရပ်ကို ဖေဖော်ဝါရီလ (၂၄) ရက်နေ့ နံနက် (၁၁) နာရီအချိန်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သက်ဆိုင်ရာစာဖြေဌာနများ၌ စိတ်အေးချမ်းသာစွာဖြေဆိုပြီးစီးခဲ့ကြောင်း သိရသည်။

ရွှေဘိုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ အခြေခံပညာမူလတန်းအဆင့် Grade-5 အစိုးရစစ်စာမေးပွဲတွင် စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ(၁၈၇၃)ဦးရှိပြီး ဖြေဆိုသူ ကျောင်းသား (၉၁၄) ဦး၊ ကျောင်းသူ (၈၆၃) ဦးနှင့် ပျက်ကွက်သူ ကျောင်းသား(၅၄)ဦးနှင့် ကျောင်းသူ (၄၂) ဦး ရှိကြောင်းနှင့် အခြေခံပညာအလယ်တန်းအဆင့် Grade-9 အစိုးရစစ်စာမေးပွဲတွင် စာရှင်းရှိ (၆၇၉) ဦးရှိပြီး ဖြေဆိုသူကျောင်းသား (၃၀၆) ဦးနှင့်၊ ကျောင်းသူ(၃၅၀)ဦး နှင့်ပျက်ကွက်သူ ကျောင်းသား (၁၁) ဦးနှင့် ကျောင်းသူ (၁၂) ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကျောင်းသား၊ကျောင်းသူများအနေဖြင့် နှစ်ဆုံးစာမေးပွဲကို စိတ်အေးချမ်းသာယာစွာ ဖြေဆိုနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများ၊ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာများ၊ ကျောင်းသားမိဘများကလည်း အနီးကပ်ကြီးကြပ်စောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)