စစ်ကိုင်းတိုင်းဒေသကြီး

ခန္တီးမြို့၌ ကာရာအိုကေ(KTV)ဆိုင်များအား စည်းကမ်းနှင့်အညီ ဆောင်ရွက်ခြင်းရှိ/မရှိ လိုက်လံစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ကာရာအိုကေ(KTV)ဆိုင်များအား စည်းကမ်းနှင့်အညီ ဆောင်ရွက်ခြင်းရှိ/မရှိကို မြို့နယ်ဗီဒီယိုလုပ်ငန်းစိစစ်ကြီးကြပ်ရေးကော်မတီက ခန္တီးမြို့ပေါ်ရှိ    ကာရာအိုကေ(KTV)ဆိုင်များ၌ စက်တင်ဘာလ(၂၃)ရက်နေ့နံနက်(၁၀)နာရီအချိန်က လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

ရွှေဘို အ.ထ.က(၁)၌ ခွေးရူးရောဂါကာကွယ်တားဆီးရေး အသိပညာပေး ဟောပြောပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျောင်းသား/သူများအား ခွေးရူးရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ခွေးရူးရောဂါကာကွယ်တာဆီးရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရွှေဘိုမူလတန်းကြို​ကျောင်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအ​ဝေးနှင့် ဥာဏစွမ်းရည်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

လူမှု့ဝန်ထမ်းကယ်ဆယ်​ရေးနှင့်ပြန်လည်နေရာချထား​ရေးဝန်ကြီးဌာန၊ ​လူမှုဝန်ထမ်းဦးစီးဌာန​ရွှေဘိုမြို့နယ်မူလတန်းကြို​ကျောင်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မိဘဆရာအသင်း နှစ်ပတ်လည် အစည်းအ​ဝေးနှင့် ဥာဏစွမ်းရည်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာလ(၂၄)ရက်နေ့ နံနက်ပိုင်းအချိန်ကကျင်းပရာ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန လက်​ထောက်ညွှန်ကြား​ရေးမှူး ​ဒေါ်ကြွယ်ကြွယ်ဝင်းက​မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအ​ဝေးနှင့် ဥာဏစွမ်းရည်ပြိုင်ပွဲများ ပြုလုပ်​ပေးရခြင်း၏ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။

ကလေးဝမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုနည်းဆိုင်ရာ သရုပ်ပြဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုနည်းဆိုင်ရာ သရုပ်ပြဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ဂျပန်အစားအစာ၊ ဖျော်ရည်အမျိုးမျိုးပြုလုပ်နည်းသင်တန်းနှင့် Fitness Dance သင်တန်းဆင်းပွဲ အခမ်းအနားသို့တက်ရောက်

၂၀၂၅ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ဂျပန်အစားအစာနှင့် ဖျော်ရည်အမျိုးမျိုး ပြုလုပ်နည်းသင်တန်းနှင့် Fitness Dance သင်တန်းဆင်းပွဲ အခမ်အနားကို ယနေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပပြုလုပ်ရာ သင်တန်းဆင်းပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်နှင့် အခြေခံပညာ အထက်တန်းကျောင်းများမှ ကျောင်းသား/ကျောင်းသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ကြကြောင်း သိရသည်။

မုံရွာမြို့၌ (၁၉)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှကြီးမှူးပြီး ၂၀၃၀ ပြည့်နှစ်တွင် ခွေးရူးရောဂါ လုံးဝကင်းစင်သွားစေရန် ရည်ရွယ်ကာ (၁၉)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မုံရွာမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း သလ္လာဝတီခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်၌ ကိုယ်အားကိုယ်ကိုး ကွန်ကရစ်တံတားနှင့် ကွန်ကရစ်လမ်းခင်းပြီး၍ သွားလာရေးအဆင်ပြေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူရိုင်၊ ကျွန်းလှမြို့နယ် အင်းကောင်းကျေးရွာတွင် ကိုယ်အားကိုယ်ကိုးကျေးရွာတွင်း ကွန်ကရစ်တံတားနှင့် ကွန်ကရစ်လမ်းခင်းပြီး၍ သွားလာရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။

ကသာမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌အမျိုးသမီးများသို့ ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဆိုင်ရာ အသိပညာ‌‌ပေး သင်တန်းဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးနှင့် ခရိုင်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ အမျိုးသမီးများသို့ ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဆိုင်ရာ အသိပညာ‌ပေး သင်တန်းဖွင့်ပွဲကို ကသာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့နံနက် (၁၀) နာရီအချိန်က ဖွင့်လှစ်ခဲ့သည်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ လဟယ်မြို့တွင် လွှတ်တော် ကိုယ်စားလှယ်လာင်းများစတင် စိစစ်ခြင်း လုပ်ငန်းဆာင်ရွက်လျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် ၂၀၂၅ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပမည့်အထွေထွေရွှေးကောက်ပွဲတွင် (PR/FPTP) မဲဆန္ဒနယ်တွင်၀င်ရောက်ယှဉ်ပြိုင်ကြမည့် နာဂဒေသ (လေရှီး၊ လဟယ် ၊နန်းယွန်း)မြို့နယ် များမှ လွှတ်တော် ကိုယ်စားလှယ် လောင်းများအားစိစစ်ခြင်းကို ယနေ့နံနက် ၁၀ နာရီချိန်တွင် နာဂဒေသ ရွှေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးအစည်းအဝေးခန်းမ၌ ပြုလုပ်ပါသည်။

ကန့်ဘလူခရိုင်၌ ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီတွင် မိုးသီးနှံစုံ ၆၃၉၆၉၂ ဧက စိုက်ပျိုးပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်အတွင်း စိုက်ပျိုးရေးကဏ္ဍတိုးတက်ရေးနှင့်လျာထားချက် ပြည့်မီကျော်လွန်ရေးအတွက် အဓိကသီးနှံမျိုးစုံကို ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီတွင် ၆၁၄၅၀၅ ဧက လျာထားစိုက်ပျိုးခဲ့ရာ လက်ရှိအချိန်အထိ ၆၃၉၆၉၂ ဧက စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်းနှင့်စိုက်ပျိုးပြီးစီးမှု ရာခိုင်နှုန်းအနေဖြင့် ၁၀၄ ဒသမ ၁၀ ရာခိုင်နှုန်းရှိကြောင်း ကန့်ဘလူခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး