တမူးမြို့၌ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ထောက်ပံ့ငွေများ ဆက်လက်ပေးအပ်

တမူး ဖေဖော်ဝါရီ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်အတွင်းရှိ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေကြသည့် တိုက်ပွဲရှောင်ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေမှ ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ဈေးတန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထောက်ပံ့ငွေများ ပေးအပ်ရာတွင် တမူးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးမှ ထောက်ပံ့ငွေပေးအပ်နေမှုအခြေ‌အနေများကို ပြောကြားခဲ့ပြီး ယာယီနေရပ်စွန့်ခွာနေကြသည့် တိုက်ပွဲရှောင်ပြည်သူ  ၂၇၁ ဦးအတွက် တစ်ဦးလျှင် တစ်လ၂၀၀၀ဝိ/-ကျပ်နှုန်းဖြင့် (၇/၈/၉ -၂၀၂၅) သုံးလအတွက် ထောက်ပံ့ငွေ ၆၀၀၀ဝိ/- ကျပ်နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ ၁၆,၂၆,၀၀၀၀/- ကျပ်အား တာဝန်ရှိသူများက ထောက်ပံ့ပေးခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ မြို့နယ်နေရပ်စွန့်ခွာပြည်သူများသို့ ထောက်ပံ့ငွေများပေးအပ်ရေး ကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များ၊ ယာယီနေရပ်စွန့်ခွာနေကြသည့် တိုက်ပွဲရှောင်ပြည်သူများ တက်ရောက်ခဲ့ကြသည်။

တမူးမြို့နယ်အတွင်း ယာယီနေရပ်စွန့်ခွာနေကြသည့် တိုက်ပွဲရှောင်ပြည်သူ ၁၇၁၈ ဦး ရှိပြီး ခရိုင်နှင့်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှ ယနေ့ထိ ၈၂၇ ဦး ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျန်ရှိသည့် ပြည်သူများကိုလည်း ဆက်လက် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရတနာ