ဟုမ္မလင်း ဖေဖော်ဝါရီ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ Grade-5 နှင့် Grade-9 နှစ်ဆုံးစာမေးပွဲကို ဖေဖော်ဝါရီ ၂၃ရက် နံနက်ပိုင်းက စတင်၍သက်ဆိုင်စာဖြေဌာနများ၌ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ဟုမ္မလင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် Grade-5 ဖြေဆိုသည့်ကျောင်းပေါင်း (၂၀၆) ကျောင်း၊ Grade-9 ဖြေဆိုသည့်ကျောင်းပေါင်း (၇၇) ကျောင်းမှ Grade-5 စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၅၀၁၉ ဦး၊ ဖြေဆို ၄၉၃၅ ဦး (၉၈ ဒဿမ ၃၃) ရာခိုင်နှုန်း၊ Grade-9 စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ၊ (၁၂၇၀) ဦး၊ ဖြေဆို (၁၂၃၄) ဦး (၉၇ ဒဿမ ၁၇) ရာခိုင်နှုန်းဖြစ်ကြောင်း၊ ဖေဖော်ဝါရီ ၂၃ ရက်မှ ၂၈ ရက်ထိ စာမေးပွဲကျင်းသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အဆိုပါ နှစ်ဆုံးစာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်တာဝန်ရှိသူများ၊ သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများနှင့် ဆရာ ဆရာမများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဟုမ္မလင်း (ပြန်/ဆက်)