စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် အား/ကာသိပ္ပံ(မုံရွာ)ရှိ Grade - 12 ကျောင်းသား၊ ကျောင်းသူများ အင်္ဂလိပ်စာဘာသာရပ် သင်ကြားပေးနေမှုများအား ကြည့်ရှုအားပေး

မုံရွာ ဖေဖော်ဝါရီ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီး မီးသတ်စခန်းသို့ရောက်ရှိရာ မကြာမီ ပွင့်လင်းရာသီရောက်ရှိတော့မည်ဖြစ်ပါ၍ မုံရွာမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှ ပြည်သူများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဝယ်ယူဖြည့်တင်းထားရှိသည့် ရှာဖွေကယ်ဆယ်ရေးစက်ပစ္စည်းများနှင့် မီးငြှိမ်းသက်ယာဉ်များ၊ ရေသည်ယာဉ်များ အသင့်ပြင်ဆင်ထားရှိမှုများ၊ ကြံ့ခိုင်မှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါမီးသတ်စခန်းအတွင်း ခင်းကျင်းပြသထားရှိသည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဝယ်ယူဖြည့်တင်းထားရှိသည့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်မီးသတ်စခန်းများသို့ ပြန်လည်ဖြန့်ဖြူးပေးမည့် မီးငြိမ်းသတ်ယာဉ်များနှင့် ရေသည်ယာဉ်များအား လိုက်လံကြည့်ရှုခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါမီးသတ်စခန်းဝန်းအတွင်းရှိ ဝန်ထမ်းများနှင့် မိသားစုဝင်များ စားဝတ်နေရေး သာသက်ချောင်ချိရေးအတွက် စားဖိုဆောင်သီးနှံများ စိုက်ပျိုးထားရှိမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ)သို့ရောက်ရှိရာ လူငယ်ရေးရာကော်မတီမှ စီစဉ်ဆောင်ရွက်သည့် ရန်ကုန်တက္ကသိုလ်မှ ပါမောက္ခမှူးများ၏ ၂၀၂၆-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ Grade – 12 အောင်ချက်မြင့်မားရေးအတွက် ကျောင်းသား၊ ကျောင်းသူများအား အင်္ဂလိပ်စာဘာသာရပ် သင်ကြားပို့ချပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က အားပေးစကားများ ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သူနာပြု-သာဖွား သင်တန်းကျောင်း(မုံရွာ)သို့ရောက်ရှိရာ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများနှင့်အတူတကွ အထူးနေ့လယ်စာသုံးဆောင်ခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျောင်းအုပ်ဆရာမကြီးထံ ငွေကျပ် - ၁၀ သိန်းအား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။  

တိုင်းဒေသကြီး (ပြန်/ဆက်)