စစ်ကိုင်းတိုင်းဒေသကြီး

ကျွန်းလှမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ် ဆက်လက်ဖြေဆို

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ် မတ် ၁၆ ရက်နေ့က ကျောင်းသား၊ ကျောင်းသူများ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

မင်းကင်းမြို့နယ်၊ စာစစ်ဌာနများတွင် ၂၀၂၆ ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲ ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်ကို ဆက်လက်ဖြေဆိုလျက်ရှိ

မင်းကင်းမြို့နယ်ရှိ စာစစ်ဌာနများတွင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ် ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ရာ ယနေ့နံနက် ၉ နာရီက ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်ကို စိတ်အေးချမ်းပျော်ရွှင်စွာ ဖြေဆိုလျက်ရှိသည်။

စစ်ကိုင်းမြို့တွင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒနှင့် သမိုင်းဘာသာရပ်အား ကျောင်းသား/ကျောင်းသူများဖြေဆို

စစ်ကိုင်းမြို့တွင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒနှင့် သမိုင်းဘာသာရပ်ကို ယနေ့နံနက် ၉ နာရီအချိန်မှစတင်၍ စာစစ်ဌာနများအလိုက် ကျောင်းသား/ ကျောင်းသူများ ဖြေဆိုလျက်ရှိသည်။

ကသာမြို့တွင် ၂၀၂၆ ခုနှစ်၊ တက္ကလိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ် ဆက်လက်ဖြေဆို

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ် ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်တို့ကို အေးချမ်းစွာဆက်လက်ဖြေဆိုလျက် ရှိကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့ပေါ်ရှိ ဘုရားစေတီပုထိုးများ ပြန်လည်ပြုပြင်မွန်းမံနေမှုများအား လိုက်လံကြည့်ရှု

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးနှင့် မြန်မာနိုင်ငံတရုတ်စက်မှု လုပ်ငန်းရှင်းများအသင်းတို့မှလှူဒါန်း၍ မြန်မာတရုတ်ပူးပေါင်းဆက်ဆံရေးအသင်းမှ ကူညီဆောင်ရွက်သည့် စစ်ကိုင်းမြို့၊ ရွှေမင်းဝံဈေး မြန်မာ-တရုတ်ချစ်ကြည်ရေးဈေးရုံ ဖွင့်ပွဲအခမ်းအနားကို မတ်လ ၁၃ ရက်၊ နံနက်ပိုင်းတွင် အဆိုပါဈေးရုံတွင်ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E Ms Ma Jia ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံမှူးကြီး Mr.Hou Yong ၊ မြန်မာနိုင်ငံ တရုတ်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ Mr.Liu Ming နှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်နေပြည်သူ များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဟုမ္မလင်းမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မူလတန်းကြိုကျောင်းဆင်းပွဲနှင့် ပဒေသာကပွဲအခမ်းအနား ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့တွင်၊ လူမှုဝန်ထမ်းဦးဌာန၊ ဟုမ္မလင်းမူလတန်းကြိုကျာင်း၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မူလတန်းကြိုကျောင်းဆင်းပွဲနှင့် ပဒေသာကပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီက ဟုမ္မလင်းမြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အရာတော်မြို့ အခြေခံပညာအထက်တန်း၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမရက် မြန်မာစာကို မတ် ၁၁ ရက်နေ့ နံနက် ၉ နာရီက စတင်ဖြေဆိုခဲ့သည်။

နာဂဒေသ၊ လေရှီးမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် ပြိုင်ပွဲများကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (Community Centre) ခန်းမ၌ ယနေ့မွန်းလွဲပိုင်းက လူငယ်များ အနေဖြင့် စာ‌ပေဖတ်ရှုခြင်း၊ စာပေရေးသားခြင်းအလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့သည်။

လေရှီးမြို့၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲများဖြေဆို

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်တွင် ယနေ့နံနက် ၉ နာရီ အချိန်က ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို တစ်ရက် (၁) ဘာသာဖြင့် မြန်မာစာဘာသာကို တစ်ပြိုင်နက်တည်း စတင်ဖြေဆိုလျက်ရှိသည်။

Fire Hotspot အရေအတွက်လျှော့ချရေးနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်အတွင်း Fire Hotspot အရေအတွက်လျှော့ချရေး၊ မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးနှင့် အမှိုက်များစနစ်တကျခွဲခြားစွန့်ပစ်ရေး အသိပညာပေးဟောပြောပွဲကို မတ် ၉ ရက်နံနက် ၉ နာရီခွဲက ကန့်ဘလူခရိုင်စုပေါင်းရုံး ရွှေဆည်မြိုင်ခန်းမ၌ ကျင်းပသည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး