အရာတော် မတ် ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမရက် မြန်မာစာကို မတ် ၁၁ ရက်နေ့ နံနက် ၉ နာရီက စတင်ဖြေဆိုခဲ့သည်။
တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရာတွင် စာရင်းရှိ (၁၁၂) ဦးရှိရာ STEAMS-1 တွင် အတွင်းဖြေဆိုသူ (၄၇) ဦး၊ အလွတ်ဖြေဆိုသူ (၇) ဦး၊ STEAMS-2 တွင် အတွင်းဖြေဆိုသူ (၂၇)ဦး၊ အလွတ်ဖြေဆိုသူ (၂၂)ဦး၊ STAMS တွင် အလွတ်ဖြေဆိုသူ (၃)ဦး စုစုပေါင်း (၁၀၆)ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ ဖြေဆိုသူ ရာခိုင်နှုန်း (၉၄ ဒဿမ ၆၄) ရာခိုင်နှုန်းရှိပြီး ပျက်ကွက်သူ (၆)ဦး ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးထံက သိရသည်။
အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းချစ်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးကြည်သာအောင်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးဇော်မျိုးဝင်းနှင့် ပညာရေးဌာနမှတာဝန်ရှိသူများက အနီးကပ်ကြီးကြပ်လျက်ရှိပြီး စာမေးပွဲဖြေဆိုရာတွင် လုံခြုံမှုရှိစေရန် နယ်မြေခံတပ်ရင်းတပ်ဖွဲ့ဝင်များနှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)