ကသာမြို့တွင် ၂၀၂၆ ခုနှစ်၊ တက္ကလိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ် ဆက်လက်ဖြေဆို

ကသာ မတ် ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ် ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်တို့ကို အေးချမ်းစွာဆက်လက်ဖြေဆိုလျက် ရှိကြောင်း သိရသည်။

ကသာမြို့နယ်တွင် စာစစ်ဌာနဖြစ်သည့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ဖြေဆိုလျက်ရှိရာ စာမေးပွဲဖြေဆိုရာတွင် အဆင်ပြေစွာဆောင်ရွက်နိုင်ရေးအတွက် ခရိုင်နှင့်မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြင်ပစည်းလုံခြုံရေး တာဝန်ကျသည့် အဖွဲ့ဝင်များ၊ ယာည်ထိန်း တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဝန်ထမ်း များနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကူညီပံ့ပိုးပေးလျက် ရှိပြီး ကျောင်းသား/ ကျောင်းသူများ စာမေးပွဲကို အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် နယ်မြေခံလုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံရဲ တပ်ဖွဲ့တို့မှ လုံခြုံရေးကိစ္စရပ်များအား အနီးကပ်ကြီးကြပ်ဆောင်ရွက် ပေးလျက်ရှိကြောင်းနှင့် စာဖြေဆိုသူကျောင်းသားကျောင်းသူများအား ခရိုင်/မြို့နယ်အထွေထွေအုပ်ဦးစီးဌာနမှပလာတာနှင့်လက်ဖက်ရည်များကျွေးမွေးကြောင်းသိရသည်။

ကသာမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဓာတုဗေဒဘာသာရပ် ဖြေဆိုရန် စာရင်းရှိကျောင်းသား/ ကျောင်းသူ(၂၅၆)ဦး၊ ဖြေဆိုကျောင်းသား/ကျောင်းသူ (၁၇၁)ဦး ဖြေဆိုကာ ဖြေဆိုရန်ပျက်ကွက်သည့် ကျောင်းသား/ကျောင်းသူ(၈၅)ဦး၊ ဖြေဆိုမှုရာခိုင်နှုန်း (၆၆ ဒသမ ၈၀)ရှိပြီး ပထဝီဝင်ဘာသာရပ် ဖြေဆိုရန်စာရင်းရှိကျောင်းသား/ ကျောင်းသူ(၇၃)ဦး၊ ဖြေဆိုကျောင်းသား/ ကျောင်းသူ (၃၇)ဦးဖြေဆိုကာ ဖြေဆိုရန်ပျက်ကွက်သည့် ကျောင်းသား/ ကျောင်းသူ(၃၆)ဦးရှိကြောင်းနှင့် ဖြေဆိုရာခိုင်နှုန်း (၅၀ ဒသမ ၆၈)ရှိကြောင်း ခရိုင်ပညာ ရေးမှူးရုံးမှ သိရှိရသည်။     

ကျော်စွာ(ကသာ)