လေရှီး မတ် ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (Community Centre) ခန်းမ၌ ယနေ့မွန်းလွဲပိုင်းက လူငယ်များ အနေဖြင့် စာပေဖတ်ရှုခြင်း၊ စာပေရေးသားခြင်းအလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစံကျော်ဦးက လူငယ်လူရွယ်များအနေဖြင့် မိမိတို့ဘဝအတွင် ဗဟုသုတပြည့်စုံကြွယ်ဝစေရန် စာအုပ်စာပေများကိုဖတ်ရှုရမည်ဖြစ်ကြောင်း၊ စာအုပ်စာပေများဖတ်ရှုရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဖွင့်လှစ်ထားသည့် ပြည်သူ့စာကြည့်တိုက်မှ အစဉ်အမြဲကြိုဆိုလျက်ရှိကြောင်း၊ စာအုပ်စာပေလူ့မိတ်ဆွေ၊ စာပေမြှင့်မှ လူမျိုးတင့်မည်စသည့်ခေါင်းစဉ်များဖြင့် ဟောပြောခဲ့ကြသည်။
ဟောပြောပွဲသို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ကျောင်းသား/ သူ စုစုပေါင်း (၃၄)ဦးတက်ရောက်ခဲ့ပြီး ဟောပြောပွဲအပြီးတွင် ပုံတူပန်းချီဆွဲပြိုင်ပွဲနှင့် ကဗျာရွတ်ဆို ပြိုင်ပွဲများကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲတွင် မြို့နယ်ပြန်/ဆက်ဦးစီးအရာရှိ ဦးစံကျော်ဦးက ပြိုင်ပွဲစည်းမျဉ်းများအား ရှင်းလင်းပြောကြားပြီးနောက် ပုံတူပန်းချီဆွဲပြိုင်ပွဲတွင် G-8 ကျောင်းသား/သူ (၁၂) ဦး၊ ကဗျာရွက်ဆိုပြိုင်ပွဲတွင် G-၈ ကျောင်းသား/သူ (၁၂) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင်ဆုရရှိသူများအား ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြောင်း သတင်းရရှိသည်။
မြို့နယ်(ပြန်/ဆက်)