လေရှီး မတ် ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်တွင် ယနေ့နံနက် ၉ နာရီ အချိန်က ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို တစ်ရက် (၁) ဘာသာဖြင့် မြန်မာစာဘာသာကို တစ်ပြိုင်နက်တည်း စတင်ဖြေဆိုလျက်ရှိသည်။
လေရှီးမြို့နယ်တွင် ဆွမ္မရာမြို့အပါအဝင် အခြေခံပညာအထက်တန်းကျောင်း (၅) ကျောင်း၊ အထကခွဲကျောင်း (၁) ကျောင်းရှိပြီး အဆိုပါကျောင်းများမှ STEAMS-1 ကျောင်းသား/သူ (၂၄)ဦး၊ STEAMS-2 ကျောင်းသား/သူ (၄၉) ဦး၊ STAMS-1 ကျောင်းသား/သူ(၂၀၃)ဦး စုစုပေါင်း (၂၇၆) ဦးစိတ်တည်ငြိမ်အေးချမ်းစွာဖြင့် စာမေးပွဲများဖြေဆိုလျက်ရှိကြောင်း သိရသည်။ ထိုသို့ ကျောင်းသား/သူများ စိတ်တည်ငြိမ်အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ ကျောင်းသားမိဘများ၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက် နှိမ်နင်းရေးအဖွဲ့များ၊ ပြည်သူများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
မြို့နယ်(ပြန်/ဆက်)