ဟုမ္မလင်း မတ် ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့တွင်၊ လူမှုဝန်ထမ်းဦးဌာန၊ ဟုမ္မလင်းမူလတန်းကြိုကျာင်း၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မူလတန်းကြိုကျောင်းဆင်းပွဲနှင့် ပဒေသာကပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီက ဟုမ္မလင်းမြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဟုမ္မလင်းမြို့လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးလှဆိုင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မူလတန်းကြိုကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကေသီဝင်းက ကျေးဇူးတင်စကားပြောကြားခဲ့ကာ ၂၀၂၅-၂၀၂၆ပညာသင်နှစ် မူလတန်းကြိုကျောင်းဆင်းဂုဏ်ပြုလက်မှတ်များကို မူလတန်းကြိုကျောင်းမှ သားငယ်/သမီးငယ်များအား လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဦးလှဆိုင်း၊ မူလတန်းကြိုကျောင်းမှ ကျာင်းအုပ်ဆရာမကြီး ဒေါ်ကေသီဝင်းနှင့်ဆရာမများက အသီးသီးချီးမြှင့်ပေးခဲ့ကြ၍ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့သည်။
ယင်းနောက် မူလတန်းကြိုကျောင်းအတွက် အလှူရှင်များအား တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ကြပြီး မူလတန်းကြိုသားငယ်/သမီးငယ်များက ပဒေသာအကအလှများဖြင့် ဖျော်ဖြေခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ ဟုမ္မလင်းမြို့ လူမှုဝန်ထမ်းဦးစီးဌာနဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ မူလတန်းကြိုကျောင်းမှကျောင်းအုပ်ဆရာမကြီးနှင့်ဆရာမများ မူလတန်းကြိုကျောင်းသားမိဘများ မူလတန်းကြိုသားငယ်သမီးငယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဟုမ္မလင်း(ပြန်/ဆက်)