စစ်ကိုင်းတိုင်းဒေသကြီး

စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် ကြက်ခြေနီအခြေခံသင်တန်း အမှတ်စဉ်(၁) ဖွင့်လှစ်

စစ်ကိုင်းပညာရေးတက္ကသိုလ်၌ ကြက်ခြေနီအခြေခံသင်တန်းအမှတ်စဉ်(၁) ဖွင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက အဆိုပါတက္ကသိုလ်ရှိ မိုးလုံလေလုံအာကစားခန်းမတွင်ကျင်းပရာ ပါမောက္ခချုပ် ဒေါက်တာအေးသက်သက်ဝင်း၊ ဒုတိယပါမောက္ခချုပ်များ၊  ပါမောက္ခဌာနမှူများ၊ သင်တန်သား၊ သင်တန်းသူများ တက်ရောက်ကြကြောင်း သိရသည်။

ဟုမ္မလင်းမြို့၌ မွေးစမှအသက်တစ်နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်တွင် မွေးစမှအသက်တစ်နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသခန်းမဆောင်၌ ဆောင်ရွက်ပေးလျက်ရှိ‌ကြောင်း သိရသည်။

ကန့်ဘလူမြို့ ဆုကိုယ်ပိုင်အထက်တန်းအဆင့်စာသင်ကျောင်း၌ ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြော

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ ဆုကိုယ်ပိုင်အထက်တန်းအဆင့်စာသင်ကျောင်း၌ ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဩဂုတ် ၁ ရက် နံနက် ၁၀ နာရီခွဲက အဆိုပါကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်၌ ဖီးကြမ်းငှက်ပျော ဈေးကောင်းရရှိ၍ စိုက်ပျိုးသူများလာ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ချောင်းရေ၊ မြောင်းရေနှင့် မြေအောက်ရေတင်ပြီး ငှက်ပျောမျိုးစုံစိုက်ပျိုးကြရာ ဖီးကြမ်းငှက်ပျော ဈေးကောင်းရရှိ၍ စိုက်ပျိုးသူများလာကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

ကန့်ဘလူမြို့၌ အဆင့်မြင့်လူသုံးကုန်(ဆပ်ပြာခဲ) အမျိုးမျိုးပြုလုပ်နည်း သင်တန်းဆင်းပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့တွင် ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်​ဆံရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်ခဲ့သည့် အဆင့်မြင့်လူသုံးကုန် (ဆပ်ပြာခဲ)အမျိုးအးမျိုးပြုလုပ်နည်း သင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၁၁ နာရီက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဘုတလင်မြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းဆိုင်ရာ သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ရုံးဝန်းအတွင်းရှိ မြသလ္လာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် သိပ္ပံဘာသာတွဲဖြင့် တိုင်းဒေသကြီးအဆင့် Top Ten ဝင် အဆင့် (၈) ရရှိသည့် ကျောင်းသူတစ်ဦးနှင့် တွေ့ဆုံမေးမြန်းခြင်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ‌၌ သိပ္ပံဘာသာတွဲဖြင့် တိုင်းဒေသကြီးအဆင့် Top Ten ဝင် အဆင့် (၈) ရရှိသည့် အခြေခံပညာအထက်တန်းကျောင်း (ကျွန်းလှ)မှ မအိငွေစည်ဟိန်း (လေးဘာသာဂုဏ်ထူးရှင်)နှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။

ရွှေဘိုတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ​​ဘောလီ​ဘောပြိုင်ပွဲဆု​ချီးမြှင့်ပွဲ ကျင်းပ

စစ်ကိုင်းတိုင်း​ဒေသကြီး ရွှေဘိုတက္ကသိုလ်၌  ၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား/သမီးဘောလီ​ဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ဇူလိုင်လ ၃၁ ရက်နေ့ ည​နေ ၄ နာရီ အချိန်က အဆိုပါတက္ကသိုလ်ရှိ ​အားကစားရုံတွင်ကျင်းပခဲ့ကြောင်း သိရသည်။

​ရွှေဘိုပြည်သူ့​ဆေးရုံ၌ (၁)နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းဆောင်ရွက်

စစ်ကိုင်းတိုင်း​ဒေသကြီး၊ ရွှေဘိုခရိုင်/မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများသည် ရွှေဘိုခရိုင်/မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ချမ်းမြေ့လေးထပ်ဆောင် (ရွှေဘိုပြည်သူ့ ဆေးရုံဝင်းအတွင်း)တွင် လစဉ်တစ်နှစ်အောက်ကလေးများအား ပုံမှန်တိုးချဲ့ကာကွယ်‌​ဆေးထိုး‌​ပေးခြင်း(EPI)၊ ကိုယ်အလေးချိန်ချိန်ခြင်း၊ vitamin A ဆေးလုံးတိုက်ကျွေးခြင်း၊ အဏု အာဟာရမှုန့်ဖြန့်ဝေ‌ထောက်ပံ့ခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေး (Td) ထိုးပေးခြင်းများဆောင်ရွက်ပေးလျက်ရှိရာ ယခုလတွင်လဆန်း(၁)ရက်နေ့မှ(၄)ရက်နေ့အထိဆောင်ရွက်သွားမည်ဖြစ်ပါသည်။ လစဉ်ရွှေဘိုမြို့နယ်အပါအဝင်ဝက်လက်၊ ခင်ဦးနှင့် အခြား မြို့နယ်များမှလာရောက်ထိုးနှံကြပါသည်။

ခန္တီးမြို့၌ (ပထမ)အကြိမ် စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီကကြီးမှူး၍ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ မြို့မိ/ဖများ၊ စေတနာရှင် အလှူရှင်များစုပေါင်းကာ (ပထမ) အကြိမ် စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် (၉) နာရီအချိန်က ပေါမိုင်းရပ်ကွက်၊ တောင်တန်းသာသနာပြု(ဗဟို) ကျောင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး