စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် ကြက်ခြေနီအခြေခံသင်တန်း အမှတ်စဉ်(၁) ဖွင့်လှစ်

စစ်ကိုင်း ဩဂုတ် ၄

စစ်ကိုင်းပညာရေးတက္ကသိုလ်၌ ကြက်ခြေနီအခြေခံသင်တန်းအမှတ်စဉ်(၁) ဖွင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက အဆိုပါတက္ကသိုလ်ရှိ မိုးလုံလေလုံအာကစားခန်းမတွင်ကျင်းပရာ ပါမောက္ခချုပ် ဒေါက်တာအေးသက်သက်ဝင်း၊ ဒုတိယပါမောက္ခချုပ်များ၊  ပါမောက္ခဌာနမှူများ၊ သင်တန်သား၊ သင်တန်းသူများ တက်ရောက်ကြကြောင်း သိရသည်။

အခမ်းအနားတွင် စစ်ကိုင်းပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ အေးသက်သက်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး၊ မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့ စစ်ကိုင်းတိုင်း တာဝန်ခံ ဦးတင်အောင်က သင်တန်းဖွင့်လှစ်ရခြင်းနှင့် သင်တန်းတွင်ပို့ချမည့် ဘာသာရပ်များအကြောင်း ရှင်းလင်းပြောကြားသည်။

ယခုဖွင့်လှစ်သည့် ကြက်ခြေနီအခြေခံသင်တန်းအမှတ်စဉ်(၁)ကို သင်တန်းသား၊ သင်တန်းသူ (၃၁၁)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ (၅)ရက် သင်ကြားပို့ချသွားမှာဖြစ်ကြောင်း သိရသည်။

နေလင်းအောင်