ကန့်ဘလူမြို့၌ အဆင့်မြင့်လူသုံးကုန်(ဆပ်ပြာခဲ) အမျိုးမျိုးပြုလုပ်နည်း သင်တန်းဆင်းပွဲကျင်းပ

ကန့်ဘလူ ဩဂုတ် ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့တွင် ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်​ဆံရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်ခဲ့သည့် အဆင့်မြင့်လူသုံးကုန် (ဆပ်ပြာခဲ)အမျိုးအးမျိုးပြုလုပ်နည်း သင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၁၁ နာရီက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က သင်တန်းမှသင်ကြားပေးခဲ့သည့် ဆပ်ပြာခဲအမျိုးမျိုး ပြုလုပ်နည်းများကို လက်တွေ့ပြန်လည်အသုံးချပြီး မိသားစုအပိုဝင်ငွေရရှိရေး တစ်ပိုင်တစ်နိုင် ဆောင်ရွက်ရာမှ စီးပွားဖြစ်ဆောင်ရွက်နိုင်ရန် ကြိုးစားလုပ်ကိုင်ကြရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြားသည်။

ထို့နောက်လက်ထောက်ညွှန်ကြားရေးမှူးက သဂ်တန်းနည်းပြဆရာမ ဒေါ်ဇင်မြတ်မိုးအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ပြီး သင်တန်းတွင်ပြုလုပ်ခဲ့သည့် ဆပ်ပြာခဲများကို သင်တန်းသားများအား အမှတ်တရလက်ဆောင်အဖြစ် ပြန်လည်ပေးအပ်ခဲ့သည်။ အဆင့်မြင့် လူသုံးကုန်(ဆပ်ပြာခဲ)အမျိုးမျိုးပြုလုပ်နည်းသင်တန်းကို ဩဂုတ် ၁ ရက်မှ ၃ ရက်ထိ စာတွေ့လက်တွေ့သင်ကြားပေးခဲ့ပြီး သင်တန်းတွင် သင်တန်းသား ၁၅ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း