စစ်ကိုင်းတိုင်းဒေသကြီး

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် မြို့ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုကို လိုက်လံကြည့်ရှု

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများသည် ဩဂုတ်လ ၂ ရက်၊ နံနက်ပိုင်းတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၌ မုံရွာမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှ ကျောင်းသား၊ကျောင်းသူများ ကျန်းမာသန်စွမ်းစွာဖြင့် ပညာသင်ကြားနိုင်ရေးတွက် မုံရွာမြို့၊ အမှတ် (၂) အခြေခံပညာနှင့် စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း (အလုံ) ကျောင်းဝန်းအတွင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။

မော်လိုက်မြို့၌ မိခင်နို့တိုက်ကျွေးခြင်း ပညာပေးဟောပြောပွဲနှင့် မိခင်နို့တိုက်ကျွေးမှု စံပြမိခင်ပြိုင်အခမ်းအနား ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်/ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်အဖြစ် မိခင်နို့တိုက်ကျွေးခြင်းပညာပေးဟောပြောပွဲနှင့် မိခင်နို့တိုက်ကျွေးမှု စံပြမိခင်ပြိုင်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၉  နာရီအချိန်က ခရိုင်ပြည်သူ့ဆေးရုံတွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆန်းဦး၊ ခရိုင်ဆရာဝန်ကြီး ဒေါက်တာကျော်စိုး၊ ခရိုင်/ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ  မိခင်နှင့်‌ ကလေးငယ်များ တက်ရောက်ခဲ့ကြသည်။

ကျွန်းလှမြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များအား ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်း ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုယ်ဝန်တောင်မိခင်များနှင့် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းကို ယမန်‌နေ့က မြို့နယ်ပြည်သူ့ဆေးရုံနှင့် မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးကြောင်း သိရသည်။

​​​​​​​စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးအတွင်း ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေး ညှိနှိုင်းအစည်းအဝေး တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေး ညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ ၁ ရက်၊ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ခရီးသွား/ကုန်တင်ယာဉ် မော်တော်ယာဉ်လိုင်းများ၊ ရေယာဉ်လိုင်းများ၊ ကုန်မာဆိုင်များ၊ တယ်လီဖုန်းနှင့်လျှပ်စစ်ပစ္စည်းများဆိုင်များ၊ ပေပါခွံရောင်းဝယ်ရေးဆိုင်များ၊ ဘက်ထရီအိုးနှင့် ဆိုလာအရောင်းဆိုင်များ၊ အင်္ဂလိပ်/မြန်မာဆေးဆိုင်များမှ လုပ်ငန်းရှင်များနှင့် ကုန်သည်များ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ် ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။  

မော်လိုက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလားအသက်(၂၅)နှစ်အောက်အမျိုးသား/အမျိုးသမီး ဖူဆယ်ဘောလုံး ပြိုင်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလားအသက် (၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲကို ဩဂုတ်လ ၁ ရက်နေ့ နံနက်(၁၁)နာရီအချိန်က ပြည်သူ့အားကစားရုံမိုးလုံလေလုံခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်ဒေသခံပြည်သူများတက်ရောက်ခဲ့ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မုံရွာမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက်များမှ သက်တော်ရှည်ဆရာတော်ကြီးများထံ ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် လှူဖွယ်ဝထ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက်များမှ ဝါဆိုဝါကပ်တော်မူကြမည့် သက်တော်ရှည်ဆရာတော်ကြီးများနှင့် ဆရာတော်/ သံဃာတော်များ ဝါတွင်းကာလအတွင်း ဆွမ်းကွမ်းအခက်အခဲမရှိစေရေးတို့အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့်လှူဖွယ်ဝထ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲကို ဩဂုတ်လ ၁ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ချမ်းမြသာစည်ရပ်ကွက်ရှိ မြို့မရွှေဂူကျောင်းတိုက်ကြီးတွင် ကျင်းပရာ ဆက်ကပ်လှူဒါန်းပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနား တက်ရောက်

မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကို ဩဂုတ်လ ၁ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ရုံးဝန်းအတွင်းရှိ မြသလ္လာခန်းမတွင် ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသာ/သင်တန်းသူများ တက်ရောက်ကြသည်။

ကလေးမြို့တွင် စက်ချုပ်နည်းပညာ အခြေခံသင်တန်းနှင့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ မွမ်းမံသင်တန်းဆင်းပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းများမှ စက်ချုပ် နည်းပညာအခြေခံသင်တန်းနှင့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ချမ်းမြေ့အောင်စည်ရပ်ကွက်၊ နယ်မြေ(၉)၊ မိုးလင်းရှောင် စောန်းဘုရားကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဟုမ္မလင်းမြို့နယ်၌ အငြိမ်းစားပင်စင်စားများအား UID Smart cart များ နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်တွင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဟုမ္မလင်းမြို့နယ် ဦးစီးမှူးရုံးမှ၊ မြို့နယ်အတွင်းရှိ အငြိမ်းစားပင်စင်စားများအား၊ UID Smart cart များ နေ့စဉ်ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။

ဟုမ္မလင်းမြို့၌ သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကုသခန်းမဆောင်တွင် အပတ်စဥ်သောကြာနေ့တိုင်း သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်းကို ယနေ့နံနက်(၈)နာရီမှ (၁၂)နာရီထိ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး