ဖြူးမြို့နယ်၊ ကညင်မြောင်ကျေးရွာ မူလတန်းလွန်ကျောင်းတွင် လူငယ်ရေးရာဟောပြောပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် အခြေခံပညာကျောင်းများတွင် အသိပညာပေးခြင်းနှင့်စာဖတ်ရှိန်မြှင့်တင်ရေးကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဆောင်ရွက်နေလျက်ရှိရာ ယမန်နေ့နံနက်(၁၁)နာရီအချိန်က ညောင်ပင်သာကျေးရွာအုပ်စု၊ ကညင်မြောင်ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၌ လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံ၊ စာဖတ်ရှိန်မြှင့်တင်ရေးအသိ ပညာပေးဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။