ဖြူး ဒီဇင်ဘာ ၁၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် အခြေခံပညာကျောင်းများတွင် အသိပညာပေးခြင်းနှင့်စာဖတ်ရှိန်မြှင့်တင်ရေးကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဆောင်ရွက်နေလျက်ရှိရာ ယမန်နေ့နံနက်(၁၁)နာရီအချိန်က ညောင်ပင်သာကျေးရွာအုပ်စု၊ ကညင်မြောင်ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၌ လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံ၊ စာဖတ်ရှိန်မြှင့်တင်ရေးအသိ ပညာပေးဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ဦးစီးအရာရှိဒေါ်အိမာဟိန်းက လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံအကြောင်းနှင့် စာဖတ်ခြင်းအကျိုးကျေးဇူးများကို အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူများအား အသိပညာပေးဟောပြောသည်။ ထို့အပြင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်နွယ်နွယ်အေးနှင့် ဝန်ထမ်းများက KG တန်း၊ မူလတန်းအရွယ်ကလေးငယ်များအား ပုံပြင်ပြောအစီအစဉ်များ ဆောင်ရွက်ပေးကြသည်။
ဆက်လက်၍ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူများအား လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံ အသိပညာပေးနံရံကပ်စာစောင်များပြသပေးပြီး KG တန်း၊ မူလတန်းအရွယ် ကလေးငယ်များအား သုံးဘီးဆိုင်ကယ်ဖြင့် ကလေးစာပေများ ဖတ်ရှုစေခြင်းများကို ဆောင်ရွက်ပေးကြကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)