ပဲခူးတိုင်းဒေသကြီး

ထန်းတပင်မြို့နယ်၌ ဆန် စားသုံးဆီနှင့် ကြက်ဥများကို ဈေးနှုန်းချိုသာစွာဖြင့် ဆက်လက်ရောင်းချပေး

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တောင်ငူခရိုင် ထန်းတပင်မြို့နယ်၌ မြို့နယ် အထွေ​ထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ ပြည်သူများ ပြင်ပပေါက်ဈေးထက်သက်သာသောနှုန်းထားဖြင့် ဝယ်ယူနိုင်ရန်အတွက်ရည်ရွယ်၍ အောင်သုခရပ်ကွက်၌ ယမန်နေ့နံနက် ၈ နာရီခွဲအချိန်က ရွေ့လျားမော်တော်ယာဥ်ဖြင့် ဆန်၊ စားသုံးဆီနှင့် ကြက်ဥများကို ဈေးနှုန်းချိုသာစွာဖြင့် လိုက်လံရောင်း ချပေးခဲ့သည်။

အုတ်တွင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ ဆပ်ပြာဆီပြုလုပ်နည်း သင်တန်းဖွင့်လှစ်ခြင်းနှင့် လက်တွေ့သရုပ်ပြသ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အမျိုးသမီးများအသင်း(Woman Club)နှင့်ပူး‌ပေါင်း၍ကျောင်းသား/ကျောင်းသူများ ဗဟုသုတရရှိစေရန်နှင့် အသက်မွေးဝမ်းကျောင်းအတွက် အထောက်အကူပြုစေရန်ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီအချိန်က ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းကို လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အုတ်ဖိုမြို့ မြို့မဈေးကြီးအတွင်း မီးဘေးလုံခြုံရေးကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့တွင် မီးဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် မြို့မစျေးအတွင်း မီးဘေးလုံခြုံရေးစစ်ဆေးခြင်း၊ မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်လျှပ်စစ်ရုံးတို့မှ တာဝန်ရှိသူများက ယနေ့နံနက် ၉ နာရီခွဲအချိန်က ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။       

ပဲခူးမြို့တွင် ဒီဇင်ဘာလ စုပေါင်းလူထုလမ်းလျှောက်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ဒီဇင်ဘာလ(ပထမအပတ်) စုပေါင်းလူထုလမ်း လျှောက်ပွဲအား ယမန်နေ့နံနက်ပိုင်းက ပဲခူးမြို့၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ရေတာရှည်မြို့နယ်၌ ဓါတ်မြေသြဇာကြဲပက်စက်ဖြင့် ဓါတ်မြေသြဇာ ကြဲပက်ခြင်းသရုပ်ပြပွဲပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန အမှတ်(၄၈)စက်မှုလယ်ယာစခန်းမှ ဓါတ်မြေသြဇာကြဲပက်စက်ဖြင့် ဓါတ်မြေသြဇာကြဲပက်ခြင်းသရုပ်ပြပွဲကို ယမန်နေ့​နေ့လယ်(၂)နာရီအချိန်က ဘိုးတော်ကုန်းကျေးရွာ၊ ကွင်းအမှတ်(၆၅၆)တောင်သူ ဦးဆန်းမင်းထွန်းပိုင် လယ်မြေဧက(၅)ဧက၌ ကျင်းပပြုလုပ်ခဲ့သည်။

ပေါက်ခေါင်းမြို့ "မြို့မစာကြည့်တိုက်" (၁၉)ကြိမ်မြောက် နှစ်ပတ်လည်အခမ်းအနား ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့ "မြို့မစာကြည့်တိုက်" ၏ (၁၉)ကြိမ်မြောက် နှစ်ပတ်လည်အခမ်းအနားနှင့် အလှူရှင်ဂုဏ်ပြုပွဲ၊ စာအုပ်လှူဒါန်းပွဲ၊ မြန်မာစာပေထူးချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက် (၈)နာရီက အဆိုပါစာကြည့်တိုက်၌ ကျင်းပပြုလုပ်သည်။

လက်ပံတန်းမြို့နယ် အ.ထ.က(ကျေးနီ)၌  လူငယ်စကားဝိုင်း ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသားလူငယ်မောင်မယ်များအား ကာယ၊ ဉာဏ၊ မိတ္တ၊ ဘောဂ၊ စာရိတ္တဟူသော ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အနာဂတ်တွင် ဘက်စုံထူးချွန်ထက်မြက်သည့် လူရည်ချွန်လူငယ်များ ပေါ်ထွန်းလာရေး မျှော်မှန်းချက်ဖြင့် ရည်ရွယ်ပြုလုပ်သော "လူငယ်စကားဝိုင်း"ကို ယမန်နေ့နံနက် ၉ နာရီက အ.ထ.က(ကျေးနီ) ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

မင်းလှမြို့ အမှတ်(၁) ဇီးကုန်းလေးရပ်ကွက် ကွန်ကရစ်လမ်းခင်းကျင်းပြီးစီးမှုအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင်  ပဲခူးတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာ‌ရေးနှစ်၊ အဖွဲ့ခွင့်ပြုရန်ပုံငွေ (၃၈.၈)သန်းဖြင့် ဆောင်ရွက်သည့် အမှတ်(၁) ဇီးကုန်းလေးရပ်ကွက်(၅)လမ်း အရှည် ၇၁၉ ပေ၊ အကျယ် ၁၀ ပေ၊ အမြင့် ၈ လက်မ ကွန်ကရစ်လမ်းခင်းကျင်းပြီးစီးမှုအား ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဇီးကုန်းမြို့နယ် စည်ပင်သာယာမြို့မဈေး၌ မီးဘေးလုံခြုံရေး စစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် စည်ပင်သာယာမြို့မဈေးတွင်  မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်လျှပ်စစ်ရုံးတို့မှ တာဝန်ရှိသူများက ပူးပေါင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရေတာရှည်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် အမှတ်(၄)ရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ပဲခူးတိုင်းဒေသကြီး