သာယာဝတီမြို့တွင် လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်းဖွင့်လှစ်

သာယာဝတီ ဒီဇင်ဘာ ၁၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် အမှတ်(၁၄)စက်မှုလယ်ယာဦးစီးဌာနနှင့် စိုက်ပျိုးရေးသိပ္ပံ(သာယာဝတီ+ထားဝယ်+ကျောက်တော်)တို့ပူးပေါင်း၍ လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်းကို ယမန်နေ့နံနက် ၁၀ နာရီက စိုက်ပျိုးရေးသိပ္ပံ(သာယာဝတီ+ထားဝယ်+ကျောက်တော်) ဆရာစံခန်းမ၌ ဖွင့်လှစ်ခဲ့​သည်။

သင်တန်းဖွင့်ပွဲတွင် သာယာဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ထွေးကအဖွင့်အမှာစကားပြောကြားပြီး စိုက်ပျိုးရေးသိပ္ပံ(သာယာဝတီ+ထားဝယ်+ကျောက်တော်)မှ ကျောင်းအုပ်ဆရာမကြီးဒေါ်တင်မိုးထွဋ်က သြဝါဒစကားပြောကြားသည်။ ဆက်လက်ပြီး စက်မှုလယ်ယာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးဇော်မြင့်က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် သင်တန်းပို့ချသွားမည့်အစီအစဉ်များအား ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းဖွင့်ပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ထွေးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် သင်တန်းသား/သင်တန်းသူများတက်ရောက်ခဲ့သည်။ 

လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်းကို စိုက်ပျိုးရေးသိပ္ပံ(သာယာဝတီ+ထားဝယ်+ကျောက်တော်)မှ နောက်ဆုံးနှစ် သင်တန်းသား/သင်တန်းသူ(၂၀၃)ဦး တက်ရောက်သင်ကြားမည်ဖြစ်ပြီး သင်တန်းကာလမှာ ဒီဇင်ဘာလ ၉ ရက်နေ့မှ ၂၀ ရက်နေ့ထိ လယ်ယာသုံးစက်ကိရိယာမောင်းနှင်ခြင်း၊ ထိန်းသိမ်းခြင်း၊ ပြုပြင်ခြင်းစသည့်ဘာသာရပ်များအား စာတွေ့၊ လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဝတီ(ပြန်/ဆက်)