ဖြူးဘိုးဘွားရိပ်သာရှိ အဘိုး၊ အဘွားများအား တိုင်းရင်းဆေးဖြင့် ဆေးကုသမှု​များ ဆောင်ရွက်ပေး

ဖြူး ဒီဇင်ဘာ ၁၀

ပဲခူးတိုင်း​ဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တိုင်းရင်း​ဆေးကုဌာနနှင့် ဖြူးမြို့နယ်(၁၆)ခုတင်ဆံ့ တိုင်းရင်း​ဆေးရုံတို့ပူးပေါင်း၍ တိုင်းရင်းဆေးဖြင့် ကွင်းဆင်းဆေးကုသမှု​များ ဆောင်ရွက်ပေးလျက်ရှိရာ ဒီဇင်ဘာလ ၈ ရက်နေ့ မွန်းလွဲပိုင်းက ဖြူးဘိုးဘွားရိပ်သာရှိ အဘိုး၊ အဘွားများအား တိုင်းရင်းဆေးဖြင့် ဆေးကုသမှု​ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဖြူးမြို့နယ်တိုင်းရင်း​ဆေးကုဌာနမှ မြို့နယ်တိုင်းရင်း​ဆေးမှူး​ဒေါ်ဝင်းဝင်း​အေး၊ ဖြူးမြို့နယ်(၁၆)ခုတင်ဆံ့တိုင်းရင်း​ဆေးရုံမှ ဒုတိယ​ဆေးရုံအုပ်​ဒေါ်စိုးလတ်မီ၊ ဒုတိယတိုင်းရင်း​ဆေးမှူးများဖြစ်​သော ​ဒေါ်တင်နွယ်ဝင်း၊ ​ဒေါ်ဇင်မင်းထွန်းနှင့် ဆရာ/ဆရာမများက ဖြူးဘိုးဘွားရိပ်သာရှိ အဘိုး(၈)ဦး၊ အဘွား(၃၁)ဦး၊ စုစု​ပေါင်း(၃၉)အား​ သွေးပေါင်ချိန်တိုင်းပေးခြင်း၊ နှလုံး၊ ဆီးချို သွေးချိုစစ်ဆေးပေးခြင်း၊ ခြေလက်ထုံကျင်၊ အအေးမိနှာစေးခြင်းများနှင့် လက်တလောရာသီကြောင့်ဖြစ်ပေါ်နေသည့် ကျန်းမာရေးအခြေအနေများကိုစစ်ဆေးကာ လိုအပ်သည့်တိုင်းရင်းဆေးများပေး၍ ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။

 နေမျိုးလွင်(ပြန်/ဆက်)