ပဲခူးတိုင်းဒေသကြီး

(၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြိုအသိပညာပေးဟောပြောပွဲပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် အုတ်တွင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြိုအသိပညာပေးဟောပြောပွဲကို ယမန်နေ့ညနေ(၃)နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန( Community Centre)ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။

ပေါင်းတည်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲနှင့် ပြပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် ပြပွဲကို ယနေ့နံနက်ပိုင်းက ပေါင်းတည်မြို့နယ်၊ သံသတ်စမ်းကျေးရွာနှင့်ညောင်ပင်ကုန်းကျေးရွာအခြေခံပညာမူလတန်းကျောင်းတို့တွင် ကျင်းပပြုလုပ်သည်။

ရွှေတောင်မြို့နယ်လူထုခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ပုံပြင်ပြော၊ ကဗျာရွတ်၊ ပြိုင်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပုံပြင်ပြော၊ ကဗျာရွတ်၊ ပြိုင်ပွဲကျင်းပကို ယမန်နေ့ နေ့လယ်ပိုင်းကမျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများအား ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန်နှင့်လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးရည်ရွယ်၍ ဟောပြောပွဲကျင်းပခဲ့သည်။

လက်ပံတန်းမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများ ကွင်းဆင်းဆောင်ရွက်

နိုင်ငံ၏အနာဂတ်ကိုဖန်တီးတည်ဆောက်ကြမည့် လူငယ်များစာရိတ္တကောင်းမွန်ပြီး အရည်အချင်း ပြည့်ဝစေရန်၊ ပညာနှင့်ကိုယ်ကျင့်တရားကောင်းမွန်စေရန်ရည်ရွယ်၍ လူငယ်အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယမန်နေ့နံနက်ပိုင်းက အ.ထ.က(ခွဲ)ထန်းပင်ကုန်ကျောင်းနှင့် အ.မ.က(ရှမ်းတော)ကျောင်းများသို့ အသိပညာပေးဟောပြောခြင်း၊ ပုံပြင်ပြောခြင်း၊ နံရံကပ်စာစောင်များ ပြသခြင်းများ ဆောင်ရွက်ခဲ့သည်။

ဖြူးမြို့နယ် မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာတရားစခန်းဝင်ရောက်သည့် ယောဂီသူတော်စင်များအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်‌ရှောက်ပေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ (၁၆)ကုတင်ဆံ့တိုင်းရင်းဆေးရုံနှင့် မြို့နယ် တိုင်းရင်းဆေးကုဌာနတို့ပူးပေါင်၍ မိုးကုတ်ဝိပဿနာဓမ္မရိပ်သာအဖွဲ့ခွဲအမှတ်(၁၂၇)ရှိ ယောဂီသူတော်စင်များအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်ပေးခြင်းကို  ယမန်နေ့ ညနေ(၃)နာရီ အချိန်ကဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ပေါက်ခေါင်းမြို့၌ Book Club အဖွဲ့ဝင်များ စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) ၊ ဝါသနာတူလူငယ်များအသင်း (Youth Club) တို့ပူးပေါင်းပြီး စာရေးဆရာထိန်လင်းရေးသားထားသည့် “ခေါင်းဆောင်ကောင်းတို့၏ စီမံခန့်ခွဲမှုအတတ်ပညာ” စာအုပ်ဖြင့် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယမန်နေ့နံနက် ၉ နာရီခွဲက စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။

ရွှေတောင်မြို့နယ် (အ.လ.က) ချည်မျှင်ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်နှင့် အသိပညာပေးဟောပြောပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ (အ.လ.က) ချည်မျှင်ကျောင်းတွင် ယမန်နေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။

ဇီးကုန်းမြို့နယ်တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ မြို့နယ်ပြည်သူ့စာကြည့်တိုက်၊ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန်မြင့်မားရေးနှင့် ထူးချွန်ထက်မြက်သော ကျောင်းသားလူငယ်များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ဒီဇင်ဘာ (၉) ရက်နေ့က (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ညောင်လေးပင်မြို့နယ် ပန်းတင်အခြေခံပညာအထက်တန်းကျောင်းခွဲ၌ လူငယ်စကားဝိုင်းကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၌ လူငယ်များအသိပညာပိုမိုတိုးတက်လာစေရန်၊ ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့်သတ္တိများရှိလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ဒီဇင်ဘာ ၉ ရက်နေ့ နေ့လယ်(၁)နာရီအချိန်က ပန်းတင်အခြေခံပညာအထက်တန်းကျောင်းခွဲ၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အုတ်တွင်းမြို့နယ်၌ ၂၀၂၄/၂၀၂၅ ပညာသင်နှစ် ယဥ်ကျေးလိမ္မာဆုပေးအပ်ပွဲအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ အခြေခံပညာဦးစီးဌာန၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့်ကျောင်းသား/ ကျောင်းသူများအား သာသနာတော်ထွန်းကား ပြန့်ပွားစေရန်ရည်ရွယ်၍ ယဥ်ကျေးလိမ္မာစာမေးပွဲဖြေဆိုခဲ့ရာ ယမန်နေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်း(အုတ်တွင်း)ကျောင်းအစည်းအဝေးခန်းမတွင် ယဥ်ကျေးလိမ္မာဆုပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ပဲခူးတိုင်းဒေသကြီး